실학성세 4.0!

지역가치창출, 학생중심 특성화ㆍ교육 혁신대학

청주대소개
  • 청주대소개
  • 학교소개
  • CJU 홍보관
  • 홍보동영상

홍보동영상

2024 홍보영상(미얀마어)

ပညာရေးနဲ့ အနာဂတ်ကို လမ်းဖွင့်ပြီး စိန်ခေါ်မှုတွေကနေ အခွင့်အလမ်းတွေ ဖန်တီးနေပါတယ်
ခေတ်သစ်ပညာရေး လမ်းဖောက်နိုင်ဖို့ ဦးဆောင်သူတွေ မျှော်လင့်ခဲ့တဲ့ ကမ္ဘာကြီး
အနာဂတ် အခိုက်အတန့်တိုင်းကို ဦးဆောင်မယ့် ပါရမီရှင်တွေအတွက် အဆုံးမရှိ တိုးတက်မယ့်အဆင့်
သမိုင်းကို မေးခွန်းထုတ်ပြီး အနာဂတ်ကို အဖြေရှာမယ့် ကိုရီးယား လက်တွေ့လေ့လာရေး ပညာရပ်ကဏ္ဍရဲ့ ဗဟိုချက်တစ်ခု
ဒါကတော့ ချောင်းဂျူတက္ကသိုလ်ပါပဲ

မှောင်မိုက်တဲ့ ဂျပန်လက်အောက်ခံခေတ်က လက်တွေ့လေ့လာရေးကဏ္ဍမှာ နိုင်ငံကို ကယ်တင်နိုင်ဖို့ အဖြေရှာတွေ့ခဲ့တဲ့ ကင်ဝန်ကွမ်းနဲ့ ကင်ယောင်ကွမ်း ညီအကိုနှစ်ယောက်ကနေ အစပြုခဲ့ပါတယ်
စီးပွားရေးလုပ်ငန်းတွေကနေ ငွေစုဆောင်းပြီး ထူထောင်ခဲ့တဲ့ ပထမဆုံး အမျိုးသား သမိုင်းသိပ္ပံအတန်း
ကိုရီးယားမှာ “ပညာရေးနဲ့ နိုင်ငံကိုကယ်တင်မယ်” ဆိုတဲ့ အယူအဆကို မွေးဖွားပေးခဲ့တဲ့ အခြေခံ အုတ်မြစ်တစ်ခု
ဂျပန်ပဒေသရာဇ်စနစ်ရဲ့ ဖိနှိပ်မှုအောက်မှာ ပညာရေးကိုပဲ ဦးစားပေးတဲ့ လမ်းကြောင်းကနေ ကိုရီးယားပြည်သူတွေရဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းကို အားဖြည့်ပေး၊ ခေတ်သစ်ဖော်ပေးခဲ့ပြီး လွတ်လပ်ရေးရပြီးတဲ့နောက်မှာ ပထမဆုံး လေးနှစ်တက္ကသိုလ်ပညာရေးကို ထူထောင်နိုင်ခဲ့တာကတော့ ချောင်းဂျူတက္ကသိုလ်ပဲ ဖြစ်ပါတယ်။

နိုင်ငံနဲ့ ခေတ်အနေနဲ့ ပညာရေးကို လိုအပ်ပြီးတော့ ပြည်သူ့အရေး သေချာနားလည်တဲ့ ပါရမီရှင်တွေကို ပျိုးထောင်ပေးရင်း ကိုရီးယားရဲ့ လျင်မြန်တဲ့ တိုးတက်မှုနဲ့အတူ “လက်တွေ့ကျတဲ့ခေါင်းဆောင်တွေရဲ့ခေတ်” ရောက် ရှိလာခဲ့ပါတယ်။ပြီး
ချောင်းဂျူတက္ကသိုလ်ဟာလည်း တောင်ကိုရီးယား အလယ်ပိုင်းမှာ အထင်ရှားဆုံးတက္ကသိုလ်တစ်ခုဖြစ်လာပြီး တစ်ကမ္ဘာလုံးမှာ ကြီးရဲ့ အပြောင်းအလဲတွေကို ဦးဆောင်ပေးခဲ့ပါတယ်
ဖြတ်သန်းခဲ့တဲ့လမ်းတွေကနေ အနာဂတ်ကမ္ဘာအတွက် လမ်းသစ်ကို တွေ့နိုင်ပါတယ်
အကျပ်အတည်းနဲ့ ဆန်းသစ်တဲ့စိတ်ကူး အတွေးအမြင်တွေ ပူးပေါင်းတည်ရှိတဲ့ အခုခေတ်မှာ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေကြားထဲက အခိုက်အတန့်တိုင်းအတွက် ကိုယ့်ခေတ်နဲ့ ကိုယ့်အနာဂတ်ကို ကိုယ်ပိုင်ခွန်အားနဲ့ ဦးဆောင်ကြပါစို့

“ပညာရေးနဲ့ နိုင်ငံကိုကယ်တင်မယ်” ကနေ စတုတ္ထ စက်မှူတော်လှန်ရေးအထိ ခရီးစဉ်ရဲ့ မောင်းနှင်အားကတော့ ချောင်းဂျူတက္ကသိုလ်ရဲ့ ထူးခြားတဲ့ လက်တွေ့ကျ သင်ယူမှုစတိုင်ပါပဲ
အတိတ်သမိုင်းမှ အမွေဆက်ခံရရှိတဲ့ စွမ်းဆောင်ရည်တွေနဲ့ ဒေသတွင်း လုပ်ငန်းတွေနဲ့ ချိတ်ဆက်နိုင်စွမ်းက အပြိုင်အဆိုင်တွေကြားမှာ ထူးခြားတဲ့ အားသာချက်ပါ
ဒစ်ဂျစ်တယ်ခေတ်ကို အသွင်ပြောင်းဖို့ ဦးဆောင်နေပြီးတော့ အနာဂတ်မှာ စွမ်းအင်ကဏ္ဍကို ဆန်းသစ်ဦးဆောင်ပေးသွားမယ့် ICT စွမ်းအင်ကဏ္ဍက
စတုတ္ထမျိုးဆက် ဓာတ်ရောင်ခြည်ကုထုံးသုံးစက်ကို အသုံးပြုကာ ကမ္ဘာတစ်လွှားက ပညာရှင်တွေနဲ့အတူ ကမ္ဘာ့ထိပ်သီး သုံးနေရာဝင် ဇီဝတောင်ကြားတစ်ခု ဖန်တီးသွားမယ့် BT ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်
ပညာရေးအပြင် ယဉ်ကျေးမှုနဲ့ အနုပညာ မြို့လဲဖြစ်တဲ့ ချောင်းဂျူကို ပိုထင်ရှားစေမယ့် ဒီဇိုင်းနဲ့ ပြသမှုကဏ္ဍ
ကိုရီးယားရဲ့ အကောင်းဆုံး ပျံသန်းမှုသိပ္ပံကဏ္ဍအပြင် တစ်ကမ္ဘာလုံးအတွက် ပျံသန်းမှုသိပ္ပံမြို့ ဖြစ်လာဖို့ ဒရုန်းလုပ်ငန်းအတွက်လည်း ဦးတည်ချက်များစွာ ရှိထားပါတယ်
ဒေသတွင်း မျိုးဆက်သစ် လုပ်ငန်းတွေအတွက် ပါရမီရှင်တွေလည်း တိုးတက်လျှက်ရှိပါတယ်။

ဒေသတွင်း ပါရမီရှင်တွေ ပျိုးထောင်ပေးဖို့အတွက် “4C Square” အခြေခံတဲ့ သင်ရိုးညွှန်းတမ်းဟာ ချောင်းဂျူတက္ကသိုလ်ရဲ့ ပညာရေး ခံယူချက်တစ်ခုဖြစ်တဲ့ “စစ်မှန်တဲ့ ပညာရေး” ကို အခြေခံပြီး အခြေခံပညာရေးအပြင် မေဂျာများနဲ့ စာသင်ခန်းပြင်ပ လှုပ်ရှားမှုတွေ ပါဝင်တဲ့ ဆန်းသစ်ပညာရေးစနစ်တစ်ခုဖြစ်ပါတယ်။
အဓိကမဏ္ဍိုင် ကျွမ်းကျင်မှုလေးရပ်ကို အခြေခံထားတဲ့ ပညာရေးစနစ်ကိုသုံးပြီးတော့ ပညာရေးနယ်ပယ်မျိုးစုံက အသိပညာနဲ့ အချက်အလက်တွေ ပေါင်းစပ်ဖို့လိုတယ်ဆိုတာ နားလည်ထားပြီး
လက်တွေ့ကျ ထုတ်ကုန်တွေကို ဖန်တီးဖို့ လက်တွေ့လုပ်နိုင်စွမ်း စုပေါင်းနိုင်စွမ်းတွေနဲ့ အကြံဉာဏ်သစ်တွေ အဆက်မပြတ် ဖန်တီးနိုင်ဖို့၊ စိန်ခေါ်မှုတွေ ရင်ဆိုင်နိုင်ဖို့နဲ့ ကျိုးကြောင်းဆီလျော်တဲ့ အဖြေတွေရှာနိုင်ဖို့ ဆန်းသစ်တီထွင်နိုင်စွမ်းကို ပျိုးထောင်ပေးနေပါတယ်
ကမ္ဘာကြီးနဲ့ ယဉ်ကျေးမှုမျိုးစုံအတွက် ပွင့်လင်းသောအမြင် ရှိပြီးတော့ အခြားလူတွေနဲ့ ဆက်ဆံရာမှာ ချောမွေ့စေဖို့ ဆက်သွယ်ရေးစွမ်းရည်တွေကိုလည်းပဲ တိုးမြှင့်ပေးနေပါတယ်
အောင်မြင်ပြီး စနစ်တကျတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ စီမံနေပြီးတော့ လူ့အသိုင်းအဝိုင်းအပေါ် ကောင်းတဲ့သက်ရောက်မှုပေးနိုင်ဖို့ ဦးတည် ဆောင်ရွက်နေပါတယ်။
သာလွန်တဲ့ သုတေသနတွေကို အခြေခံထားတဲ့ ပညာရေးအရ ပြိုင်ဆိုင်နိုင်မှုက ကမ္ဘာတစ်လွှားက အတားအဆီးတွေကို ချိုးဖျက်နိုင်ပါတယ်
အခွင့်အလမ်းနဲ့ ဖြစ်နိုင်စွမ်းတွေ အဆုံးမရှိတဲ့ ဒီတက္ကသိုလ်မြေမှာ ကိုယ်ချင်းစာစိတ်၊ တီထွင်ဆန်းသစ်စိတ်ပြည့်ပြီး လက်တွေ့ကျတဲ့ ပါရမီရှင်တွေ ပေါ်ထွန်းလာခြင်းဖြစ်စဉ်ဟာ တစ်ကမ္ဘာလုံးအဆင့် လက်တွေ့သင်ယူမှုနယ်ပယ်ရဲ့ ဗဟိုချက်ပဲ ဖြစ်ပါတယ်

ချောင်းဂျူတက္ကသိုလ်ဟာ ဒေသခံပါရမီရှင်များ မွေးထုတ်ပေးရာနေရာကနေ တစ်ကမ္ဘာလုံးမှ ကျွမ်းကျင်သူများ စုဝေးသည့် အသိုင်းအဝိုင်းအထိ ကျယ်ပြန့်လာမယ်လို့ လက်ခံယုံကြည်ထားပါတယ်။
ချောင်းဂျူ၊ အိုဆောင်နဲ့ အွန်ဆောင်း တက္ကသိုလ်နယ်မြေတွေမှာ မတူညီတဲ့ စွမ်းရည်နဲ့ အမြင်တွေကို မျှဝေနေကြတဲ့ ကမ္ဘာတစ်လွှားက ပါရမီရှင်တွေ
ကျောင်းသားနဲ့ သူတို့ပညာရေးကို ဦးစားပေးတဲ့ စာသင်သူဗဟိုပြု ယဉ်ကျေးမှုအတွင်း ပိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးမှ ပိုမိုများပြားတဲ့ အခွင့်အလမ်းတွေကို ရယူပြီးတော့ သူတို့အိမ်မက်တွေကို ပျိုးထောင်နေပါတယ်
တက္ကသိုလ်ရဲ့ ပိုင်ဆိုင်မှုနဲ့ စွမ်းရည် မှန်သမျှကို ပညာရေးပတ်ဝန်းကျင်မှာ အဆက်မပြတ် ရင်းနှီးမြှုပ်နှံထားပါတယ်
တက္ကသိုလ်က ကျောင်းသားတွေ ရည်မှန်းချက် ပြည့်မီတဲ့အထိ ဘက်စုံထောင့်စုံ ထောက်ပံ့ရေးအစီအစဉ်တစ်ခုအနေနဲ့ ကူညီပေးနေပါတယ်
ပါမောက္ခနဲ့ ကျောင်းသားတွေက အတူဖန်တီးထားတဲ့ ပျော်ရွှင်ဖွယ် တက္ကသိုလ်ဘဝ
ကျောင်းသားတစ်ယောက်စီရဲ့ အလုပ်အကိုင်နဲ့ စီးပွားရေးလုပ်ငန်း ထူထောင်နိုင်စွမ်းတွေအတွက် ကျောင်းသားရဲ့ ဝါသနာနဲ့ ပင်ကိုစရိုက်အပေါ်အခြေခံပြီး အလုပ်အကိုင်လမ်းညွှန်ပေးခြင်းတွေကိုပါ တက္ကသိုလ်က တိုက်ရိုက်စီမံပေးနေပါတယ်
တက္ကသိုလ်နယ်မြေက ရွာလေးကနေ တစ်ကမ္ဘာလုံးကို ချိတ်ဆက်ပေးတဲ့ ကွန်ရက်ဆီသို့
စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီးတော့ ကျောင်းသားတွေ အောင်မြင်မှုရဖို့ အတူဆောင်ရွက်ကာ အနာဂတ်မှာ တစ်ကမ္ဘာလုံးမှာ ထင်ရှားတဲ့ကျောင်းဖြစ်ဖို့ ရည်မှန်းကြိုးစားနေပါတယ်

ချောင်းဂျူတက္ကသိုလ်
ဆိုတဲ့ နာမည်ကို ကြားရုံနဲ့တင် အားလုံးကဂုဏ်ယူ လေးစားရတဲ့ ကျောင်းတစ်ကျောင်းဖြစ်တဲ့နေ့အထိ
မှတ်တမ်းဝင်ထားမှုတွေ ရပ်တန့်မသွားစေဘဲ ဆက်သွားနေပါမယ်
လူတွေကို ကမ္ဘာကြီးကို သုံးသပ်ပြီး အနာဂတ်ခေတ်သစ်ကို ရှေးရှုပြီးတော့ ပိုကြီးမားတဲ့ အနာဂတ်အတွက် ပြင်ဆင်ပေးတဲ့ တက္ကသိုလ်
ဘယ်လိုစိန်ခေါ်မှုမျိုးတွေ ရိုက်ခတ်လာပါစေ ပြောင်းလဲခြင်းမရှိပဲ အနာဂတ်နေ့သစ်တွေဆီ ခေါ်ဆောင်သွားမယ့်
ချောင်းဂျူတက္ကသိုလ်

콘텐츠 만족도 조사

이 페이지에서 제공하는 정보에 대하여 어느 정도 만족하셨습니까?

만족도 조사 폼

담당자 정보