- HOME
- တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ
- ကိုရီးယားဘာသာစကားသင်တန်း
- ယဉ်ကျေးမှုရေးရာ လှုပ်ရှားမှုများ
ယဉ်ကျေးမှုရေးရာ လှုပ်ရှားမှုများ
ယဉ်ကျေးမှုရေးရာ လှုပ်ရှားမှုများ
- ယဉ်ကျေးမှုရေးရာ အတွေ့အကြုံ- နှစ်ဝက်ကာလတစ်ခုစီတိုင်းတွင် အထင်ကရပန်းခြံများသို့ တစ်ကြိမ် သွားရောက်လည်ပတ်ခြင်း (Everland ၊ Lotte World စသဖြင့်)
- Coming-of-Age Day (အရွယ်ရောက်အသက်ပြည့်သူများအတွက် အထိမ်းအမှတ်နေ့)- နှစ်စဉ် ဧပြီလတွင် ကျောင်းသားများသည် Cheongju sowon (ကွန်ဖြူးရှပ်အယူဝါဒကျောင်းတော်) ၏ အကူအညီဖြင့် အရွယ်ရောက်သူများအတွက် ပြုလုပ်သော coming-of-age ရိုးရာအခမ်းအနားပွဲကို တွေ့ကြုံခံစားခွင့်ရှိသည်။
- တက္ကသိုလ်ပွဲတော်များ- နှစ်စဥ် မေလတွင် နိုင်ငံတကာကျောင်းသားများသည် ဆိုင်ခန်းများ ဖွင့်လှစ်ကာ ဤပွဲတော်ကို ကျင်းပဆင်နွှဲကြသည်။
- နှစ်သစ်အကြို ပါတီ- နှစ်စဥ် ဒီဇင်ဘာလတွင် နိုင်ငံတကာကျောင်းသားများသည် ဖက်ရှင်ရှိုးများ၊ စွမ်းရည်ပြရှိုးများ ပြုလုပ်ကာ နှစ်တစ်နှစ်ကို ကုန်ဆုံးကြသည်။
- ယဥ်ကျေးမှုအတန်းများ- နှစ်ဝက်စာသင်ကာလတစ်ခုချင်းစီတွင် မတူညီသော ယဥ်ကျေးမှုဆိုင်ရာ အတန်းများ ရှိကြသည်။ ထိုအတန်းများကို Lifelong Education Center နှင့် KT&G Sangsangmadang တို့၏ ပံ့ပိုးကူညီမှုဖြင့် လုပ်ဆောင်ပါသည်။ (ဥပမာအားဖြင့်- 2011 ခုနှစ် ဆောင်းရာသီ နှစ်ဝက်ကာလတွင် ပြုလုပ်ခဲ့သော- တိုက်ကွမ်ဒို၊ လူကြိုက်များသော ဂီတ၊ ရေပန်းစားသော အကနှင့် ကိုရီးယားရိုးရာ ဟင်းချက်နည်းအတန်းများ)