- HOME
- တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ
- ဘွဲ့လွန်သင်တန်း
- အင်ဂျင်နီယာပညာ
- လျှပ်စစ်နှင့် ထိန်းချုပ်မှုဆိုင်ရာ အင်ဂျင်နီယာပညာ မဟာဘွဲ့သင်တန်း
လျှပ်စစ်နှင့် ထိန်းချုပ်မှုဆိုင်ရာ အင်ဂျင်နီယာပညာ မဟာဘွဲ့သင်တန်း
လျှပ်စစ်နှင့် ထိန်းချုပ်မှုဆိုင်ရာ အင်ဂျင်နီယာပညာ မဟာဘွဲ့သင်တန်း
အင်ဂျင်နီယာပညာ
လျှပ်စစ်နှင့် ထိန်းချုပ်မှုဆိုင်ရာ အင်ဂျင်နီယာပညာ မဟာဘွဲ့သင်တန်း
ဌာနအကြောင်း မိတ်ဆက်
လျှပ်စစ်နှင့် ထိန်းချုပ်မှုဆိုင်ရာ အင်ဂျင်နီယာပညာသည် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် အသုံးပြုသော လျှပ်စစ်ပစ္စည်းများမှ တစ်နိုင်ငံလုံးရှိ စက်မှုလုပ်ငန်းများကို ဓာတ်အားပေးသည့် စနစ်များအထိ စက်မှုလုပ်ငန်းအားလုံး၏ အခြေခံနည်းပညာတစ်ရပ် ဖြစ်ပါသည်။ စတုတ္ထမြောက် စက်မှုတော်လှန်ရေးမှစတင်၍ လျှပ်စစ်ဓာတ်အားသုံးစနစ်သို့ ကူးပြောင်းခြင်းသည် လူမှုပတ်ဝန်းကျင်အတွင်း ကဏ္ဍအားလုံးတွင် ပိုမိုအရေးပါလာသောကြောင့် အနာဂတ်အလားအလာရှိသော နယ်ပယ်တစ်ခု ဖြစ်ပါသည်။ အတိအကျအားဖြင့် ကျွန်ုပ်တို့သည် လျှပ်စစ်စက်ယန္တရားပိုင်း၊ စမတ် မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားဆိုင်ရာ အီလက်ထရောနစ်ပညာ နယ်ပယ်များတွင် ပြိုင်ဆိုင်နိုင်စွမ်းရှိသော R&D ကျွမ်းကျင်သူများကို အရည်အချင်းမြှင့်တင်ပေးနေပါသည်။
ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များ
လျှပ်စစ်နှင့် ထိန်းချုပ်မှုဆိုင်ရာ အင်ဂျင်နီယာပညာ ကဏ္ဍတွင် နည်းပညာဖွံ့ဖြိုးရေးနှင့် R&D စွမ်းရည်များ ရရှိပိုင်ဆိုင်နိုင်စေရန် ဂေဟစနစ်နှင့် သင့်လျော်ကိုက်ညီသော လျှပ်စစ်စနစ်အသုံးပြုခြင်း (လျှပ်စစ်စက်ယန္တရားများ)၊ စမတ် မဟာဓာတ်အားလိုင်း (ဓာတ်အားပေးစနစ်များ)၊ ဓာတ်အားဆိုင်ရာ အီလက်ထရောနစ်ပညာ (ဓာတ်အားဆိုင်ရာ အီလက်ထရောနစ်)၊ သီအိုရီနှင့် လက်တွေ့ကို ပေါင်းစပ်ပေးသည့် အလေ့အကျင့်များအား ကျွမ်းကျင်လာနိုင်ပါသည်။ ကျွမ်းကျင်သော R&D ပညာရှင်များကို ပျိုးထောင်ပေးရန် ကျွန်ုပ်တို့ ရည်ရွယ်ပါသည်။ တိကျသော ရည်မှန်းချက်ပန်းတိုင်များတွင် ပါဝင်သည်မှာ-
- R&D ကျွမ်းကျင်ပညာရှင်များ၏ ပြိုင်ဆိုင်နိုင်စွမ်းကို အာမခံချက်ရှိစေမည့် ပညာသင်ကြားရေးပတ်ဝန်းကျင်နှင့် သင်ရိုးညွှန်းတမ်းအား စီစဉ်ပေးနိုင်ရေး
- စက်မှုလုပ်ငန်း-ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ၊ လက်တွေ့ကွင်းဆင်းလေ့ကျင့်ခြင်း၊ သုတေသနသိပ္ပံများ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် လုပ်ငန်းခွင်တွင်း လေ့ကျင့်လုပ်ကိုင်နိုင်သည့် အစီအစဉ်များ ပေါ်ပေါက်လာရေး
- ထင်ရှားသော ပြည်တွင်းနှင့် ပြည်ပ ပညာရေးဆိုင်ရာ ညီလာခံများတွင် အကြံပေးတစ်ဦး၏ လမ်းညွှန်မှုဖြင့် ရှင်းလင်းတင်ပြမှုများနှင့် ဘွဲ့ယူစာတမ်းတင်ဆက်မှုများ ပြုလုပ်နိုင်ရေး
- နိုင်ငံနှင့် ဒေသတွင်း လူမှုအဖွဲ့အစည်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြု၊ ဝန်ဆောင်မှုပေးနိုင်သည့် အဆင့်မြင့် လျှပ်စစ်ထိန်းချုပ်မှု အင်ဂျင်နီယာပညာရှင်များအား လေ့ကျင့်ပျိုးထောင်ပေးနိုင်ရေး
မျှော်မှန်းချက်နှင့် အလုပ်အကိုင်လမ်းကြောင်း
လျှပ်စစ်နှင့် ထိန်းချုပ်မှုဆိုင်ရာ အင်ဂျင်နီယာဌာနမှ ဘွဲ့ရပြီးနောက်တွင် ကုမ္ပဏီကြီးများ၊ ပြည်သူပိုင် ကုမ္ပဏီများ၊ အစိုးရမှ ထောက်ပံ့ပေးသည့် သုတေသနသိပ္ပံများတွင် သုတေသီအဖြစ် အလုပ်အကိုင်ရရှိနိုင်ပါသည်။
အမည် | ဘွဲ့ | အထူးပြုဘာသာ | အီးမေးလ် |
---|---|---|---|
Lee, Ho-Joon | Ph.D. | လျှပ်စစ် စက်ပစ္စည်းဘာသာ | hjlee@cju.ac.kr |
Ahn, Tae-Young | Ph.D. | ဓာတ်အားဆိုင်ရာ အီလက်ထရောနစ်ပညာ | tyahn@cju.ac.kr |
Choi, Dong-Hee | Ph.D. | ဓာတ်အားစနစ် | heechoi@cju.ac.kr |
Joung, Houng-Kun | Ph.D. | အလိုအလျောက်ထိန်းချုပ်မှုဘာသာ | 21c8545@cju.ac.kr |
Choi, Heung Gyoon | Ph.D. | ဓာတ်အားဆိုင်ရာ အီလက်ထရောနစ်ပညာ | harry_choi@cju.ac.kr |