Only Student, Only Education

Open the Future, Go to the World

  • HOME
  • တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ
  • ဘွဲ့ကြိုသင်တန်း
  • အနုပညာကောလိပ်

အနုပညာကောလိပ်

အနုပညာကောလိပ်

အမြင်အာရုံအခြေပြု ဆက်သွယ်ရေးဒီဇိုင်း ဌာန၊ လက်မှုပညာနှင့် ဒီဇိုင်းဌာန၊ အနုပညာနှင့် ဖက်ရှင်ဒီဇိုင်းဌာန၊ ဒစ်ဂျစ်တယ်မီဒီယာဒီဇိုင်းဌာန၊ စက်မှုဒီဇိုင်းဌာန၊ ကာတွန်းနှင့် အန်နီမေးရှင်းဌာန၊ ဖလင်နှင့် ဓာတ်ပုံဌာန၊ ဇာတ်ရုံဌာန၊ အားလုံးအတွက်အားကစား ဌာန

အမြင်အာရုံအခြေပြု ဆက်သွယ်ရေးဒီဇိုင်း ဌာန

Cheongju တက္ကသိုလ် အနုပညာကောလိပ်၊ အမြင်အာရုံအခြေပြု ဆက်သွယ်ရေးဒီဇိုင်း ဌာနကို အသုံးချအနုပညာ ဌာနအဖြစ် 1977 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စီရင်စုများအတွင်း ဤသို့သော ဌာနအမျိုးအစားများထဲတွင် ပထမဆုံးတည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ 1982 ခုနှစ်တွင် ပထမဆုံး ဘွဲ့ရများကို စတင်မွေးထုတ်နိုင်ခဲ့သည့် အမြင်အာရုံအခြေပြု ဆက်သွယ်ရေးဒီဇိုင်း ဌာနသည် တက္ကသိုလ် ပညာရေးလောကအတွင်း အမျိုးမျိုးသော ကျွမ်းကျင်သူများကို မွေးထုတ်ခြင်းဖြင့် ပြည်တွင်း ဒီဇိုင်းလုပ်ငန်းလောက တိုးတက်ရေးအတွက် အကျိုးပြုခဲ့ပါသည်။ 2008 ခုနှစ်တွင် တည်ဆောက်ခဲ့သော အနုပညာနှင့် ဒီဇိုင်း သင်တန်းကျောင်း အဆောက်အအုံသစ်ရှိ ကျွန်ုပ်တို့၏ ခေတ်အမီဆုံးသော ပညာသင်ကြားရေး ပတ်ဝန်းကျင်မှတစ်ဆင့် ကျွန်ုပ်တို့သည် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသော ခေတ်ကာလအတွင်း စံနမူနာပြ ဦးဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ထိရောက်အကျိုးရှိသော လက်ချာများနှင့် လက်တွေ့ သင်ကြားပြသမှုများမှတစ်ဆင့် အသိပညာအခြေပြု လုပ်ငန်းနယ်ပယ်အတွက် အမြင်အာရုံကို ဆွဲဆောင်ဖန်တီးနိုင်သည့် ဒီဇိုင်နာများ လေ့ကျင့်ပျိုးထောင်ပေးရန် အားစိုက်နှစ်မြှုပ်ထားပါသည်။ အမြင်အာရုံအခြေပြု ဆက်သွယ်ရေးဒီဇိုင်း ဌာနသည် အမြင်အာရုံဖြင့် ဆက်သွယ်သည့် ဒီဇိုင်းလောကအတွင်း ပုံနှိပ်၊ ကြောငြာနှင့် မီဒီယာပုံစံသစ်ကဲ့သို့သော မီဒီယာအမျိုးမျိုးနှင့် သင့်လျော်သည့် ဒီဇိုင်းပိုင်း ကျွမ်းကျင်မှုအသစ်များ ရရှိပိုင်ဆိုင်စေရန် လေ့ကျင့်သင်ကြားပေးပါသည်။ ထို့အပြင် ဆန်းသစ်သော စိတ်ကူးများ၊ ဒီဇိုင်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ဒီဇိုင်းအတွေးအခေါ်တို့ကို အားပေးနိုင်ရေးနှင့် ပတ်သက်သည့် ဒီဇိုင်းပိုင်းဆိုင်ရာ နည်းနာအမျိုးမျိုးနှင့်အတူ ဤဌာနသည် သတင်းအချက်အလက်များကို ထိရောက်စွာ ဖြန့်ဝေဆောင်ကျဉ်းပေးနိုင်မည့် ထုတ်ဖော်ပြသနိုင်စွမ်းကို တိုးတက်စေသော လေ့ကျင့်မှုအခြေပြု သင်ရိုးအမျိုးမျိုးကို ပြုစုသင်ကြားပေးနေပါသည်။

လက်မှုပညာနှင့် ဒီဇိုင်းဌာန

လက်မှုပညာနှင့် ဒီဇိုင်းသည် ပြည်သူ့ရေးရာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဒီဇိုင်းပိုင်းနယ်ပယ်များမှ လူတစ်ဦးချင်းအလိုက်နှင့် အနုပညာရှင်များ၏ လှုပ်ရှားဆောင်ရွက်မှုများအထိ အမျိုးအစား ကွဲပြားစုံလင်မှု၊ ကျွမ်းကျင်မှု၊ တီထွင်ဖန်တီးနိုင်မှုနှင့် အနုပညာမြောက်ခြင်းကို စုစည်းပေါင်းစပ်ထားပြီး ဘွဲ့ရပြီးနောက်တွင် အလုပ်အကိုင်ရွေးချယ်စရာနှင့် လှုပ်ရှားဆောင်ရွက်စရာ အမျိုးအစားပေါင်းစုံ ကျယ်ပြန့်လှသည့် မေဂျာများ ဖြစ်ကြပါသည်။ ဤမေဂျာ၏ အခြေခံသင်ရိုးတွင် ကျောင်းသားများသည် သတ္တုထည်လက်ရာများ၊ ကြွေထည်နှင့် ဖန်ထည်တို့အကြောင်း လေ့လာစူးစမ်းရမည်ဖြစ်ပြီး သက်ဆိုင်ရာ အသိပညာဗဟုသုတများကိုလည်း ဆည်းပူးရပါမည်။ အထူးပြုနှံ့စပ်သော သင်ရိုးများတွင် တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဒီဇိုင်းပိုင်းကျွမ်းကျင်မှုများကို ကျောင်းသားများ ရရှိပိုင်ဆိုင်လာစေရန် သင်ကြားပေးပါသည်။ အခြေခံမှစတင်ပုံသွင်းပေးသည့် ကျောင်းစာသင်နှစ်များအတွင်း Photoshop ၊ Illustrator ၊ CAD ၊ 3D Max ၊ Rhino နှင့် 3D ပုံနှိပ်ခြင်း သင်တန်းအစီအစဉ်များ၊ အခြား ကွန်ပျူတာဂရပ်ဖစ်သင်တန်းများ ပါဝင်သည့် ပညာသင်ကြားရေး သင်ရိုးများကို အသုံးပြုသင်ကြားနေသလို ဘွဲ့ရပြီးနောက် ကျောင်းသားများ၏ အလုပ်ရှာဖွေမှုစွမ်းရည်များအား မြှင့်တင်ပေးသော ကျွမ်းကျင်မှုများကိုလည်း အလေးထားဂရုစိုက်ပါသည်။

အနုပညာနှင့် ဖက်ရှင်ဒီဇိုင်းဌာန

အနုပညာနှင့် ဖက်ရှင်ဒီဇိုင်း မေဂျာသည် အနုပညာရပ်အမျိုးအစားများ စုစည်းမှုမှတစ်ဆင့် မိမိ၏ တစ်မူထူးခြားသော ဖန်တီးမှုနည်းလမ်းကို ရှာဖွေခြင်းအားဖြင့် ဖော်ထုတ်တင်ဆက်မှု စွမ်းရည်များနှင့် လူမှုပတ်ဝန်းကျင်နှင့် ထိတွေ့ချိတ်ဆက်မှု စွမ်းရည်များကို လေ့ကျင့်ပျိုးထောင်ပေးသလို အမြင်အာရုံအခြေပြု အနုပညာနယ်ပယ်နှင့် ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ် ထိတွေ့ချိတ်ဆက်နေသည့် နေရာတွင် ရပ်တည်နေသော ကျွမ်းကျင်သူများ (ဥပမာ အနုပညာရှင်များ၊ အနုပညာရှင်အဖြစ် အကျုံးဝင်သည့် ဖက်ရှင်ဒီဇိုင်နာများ၊ အနုပညာနယ်ပယ်နှင့် ဖက်ရှင်လုပ်ငန်းနယ်ပယ် ချိတ်ဆက်ညှိနှိုင်းပေးသူများ) အား ပြောင်းလဲနေသည့် ခေတ်ကာလကို ချက်ချင်းလက်ငင်း တုံ့ပြန်နိုင်စွမ်းရှိစေရန်အတွက် လေ့ကျင့်သင်ကြားပေးရန် အဓိကအလေးထားပါသည်။ ကျွန်ုပ်တို့ လက်ရှိစတင်ဖြတ်သန်းနေပြီးဖြစ်သော စတုတ္ထမြောက် စက်မှုတော်လှန်ရေးကာလအတွင်း တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားသည့် လုပ်ငန်းနယ်ပယ်များမှာ ICT အပေါ် အခြေပြုလျက် လှုပ်ရှားပေါင်းစည်းနေကြပြီး အပြောင်းအလဲ၏ အတိုင်းအတာနှင့် မြန်နှုန်းမှာ ကြီးမားရှုပ်ထွေးလှသည့် ပေါင်းစပ်ချိတ်ဆက်မှု ခေတ်ကာလသို့ ကျွန်ုပ်တို့ ရောက်ရှိနေကြပါသည်။ အနုပညာဆိုင်ရာ ပညာရေးမှတစ်ဆင့်သာ တီထွင်ဖန်တီးနိုင်စွမ်းကို လေ့ကျင့်ပျိုးထောင်နိုင်မည်ဖြစ်ပြီး စိတ်နေစိတ်ထားနှင့် ဆက်သွယ်ပြောဆိုမှု စွမ်းရည်များကို လူမှုဘာသာရပ်၊ သမိုင်းနှင့် ပူးပေါင်းချိတ်ဆက်မှုရှိသည့် ပညာရေးတို့မှတစ်ဆင့်သာလျှင် အားပေးမြှင့်တင်နိုင်ပါမည်။ အနုပညာနှင့် ဖက်ရှင်ဒီဇိုင်း မေဂျာသည် အဆိုပါအချက်အား အသိအမှတ်ပြုမှုအ‌ပေါ် အခြေတည်ထားပြီး ယဉ်ကျေးမှုနှင့် အနုပညာ လုပ်ငန်းသစ် အတူတကွအလုပ်လုပ်နိုင်သည့် နေရာမှတစ်ဆင့်၊ ဖန်တီးမှုအနုပညာဆိုင်ရာ ပညာသင်ကြားရေး၊ ဖက်ရှင်ဒီဇိုင်းနှင့် ICT ပညာရေးတို့ကဲ့သို့သော ပေါင်းစည်းချိတ်ဆက်ထားသည့် သင်ရိုးမှတစ်ဆင့် အမြင်အာရုံအခြေပြု အနုပညာနယ်ပယ်နှင့် ယဉ်ကျေးမှုနှင့် အနုပညာ စုစည်းပေါင်းစပ်သည့် နယ်ပယ်တွင် ဖန်တီးနိုင်စွမ်းရှိသော အရည်အချင်းပိုင်ဆိုင်သူများကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ပါမည်။

ဒစ်ဂျစ်တယ်မီဒီယာဒီဇိုင်းဌာန

ဒစ်ဂျစ်တယ်မီဒီယာဒီဇိုင်းသည် သတင်းအချက်အလက်အခြေပြု လူမှုပတ်ဝန်းကျင်နှင့် အဆင့်မြင့် ဒစ်ဂျစ်တယ် စက်ပစ္စည်းများ၏ စမတ် သုံးစွဲသူ ပတ်ဝန်းကျင်အတွက် လိုအပ်သော ရုပ်ပုံအကြောင်းအရာများ ဖန်တီးရေးဆွဲရန် အနုပညာနှင့် နည်းပညာကို ပေါင်းစပ်ထားသော ဘာသာရပ်တစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့ဌာနသည် သုံးစွဲသူဗဟိုပြု ဒီဇိုင်းပိုင်းဥပဒေသများ၊ တီထွင်ဖန်တီးမှုရှိသော အတွေးအခေါ်ပိုင်း လေ့လာသင်ယူခြင်း၊ စိတ်ပညာနှင့် အပြုအမူပိုင်းဆိုင်ရာ ပုံစံများအား အခြေပြုလျက် သတင်းအချက်အလက်၊ ထိတွေ့ဆက်ဆံမှုနှင့် ဒီဇိုင်းကဏ္ဍများအား ပေါင်းစပ်ပေးပြီး ခေတ်မီ ဒစ်ဂျစ်တယ်နည်းပညာကို လက်တွေ့အသုံးချရန်အတွက် အသိပညာအမျိုးမျိုးကို လေ့လာဆည်းပူးပါသည်။ အသေးစိတ်ဆိုရလျှင် စာနာခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စိတ်ကူးများ ဆင့်ကဲတွေးတော ဖော်ထုတ်ခြင်း၊ ဖြေရှင်းနည်းများ အကြံပြုခြင်း၊ ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်လောကအသစ်တွင် ဖြစ်ပေါ်နေသည့် ပြဿနာများအား စမ်းသပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရန် ဒီဇိုင်းပိုင်းအတွေးအ‌ခေါ်နှင့် ဝန်ဆောင်မှုဒီဇိုင်းပိုင်း နည်းနာတို့မှတစ်ဆင့် အမျိုးမျိုးသော ဒီဇိုင်းပိုင်း အထောက်အကူပြု နည်းလမ်းများအား အဆိုပြုသည့် ပရောဂျက်အခြေပြု သင်တန်းတစ်ခု ဖြစ်ပါသည်။ သင်ရိုးနှင့်အညီ ဂရပ်ဖစ်၊ ဗီဒီယိုနှင့် သရုပ်ဖော်တင်ဆက်မှုများကဲ့သို့သော ထုတ်ဖော်တင်ပြသည့် နည်းလမ်းများအား လေ့လာသင်ယူပြီးနောက်တွင် နောက်ဆုံးအပြီးသတ် ဆောင်ရွက်သည့် ပရောဂျက်၏ ရလဒ်ကို ဝက်ဘ်ဆိုက်၊ မိုဘိုင်းဖုန်း၊ ဆော့ဖ်ဝဲ၊ အင်တာနက် ချိတ်ဆက်ပစ္စည်းများ၊ လက်တွေ့ဆန်သော အကြောင်းအရာနှင့် Metaverse ကဲ့သို့သော မီဒီယာများဖြင့် ဖန်တီးထုတ်လုပ်ပါသည်။

စက်မှုဒီဇိုင်းဌာန

21 ရာစုသည် အသိပညာအခြေပြု သတင်းအချက်အလက်ခေတ်ကာလတစ်ခု ဖြစ်ပြီး ရှုပ်ထွေးသည့် ပညာရပ်ကဏ္ဍအများအပြား၏ နယ်ပယ်ကန့်သတ်ချက်ကို ကျော်လွန်၍ ဘာသာရပ်ပေါင်းစုံ ပေါင်းစပ်စုဆုံရာ ဒီဇိုင်းပညာရပ်မျိုးကို သင်ကြားပေးနိုင်ရန် လိုအပ်နေပါသည်။ စက်မှုဒီဇိုင်း မေဂျာသည် နိုင်ငံတကာအမြင်ရှိသူ ကျွမ်းကျင်ပညာရှင်များအား မွေးထုတ်ပေးနိုင်ရန်အတွက် ဘာသာရပ်ပေါင်းစုံနှင့်ပတ်သက်သည့် အသိပညာဗဟုသုတကို ရရှိပိုင်ဆိုင်နိုင်ရန် ကျောင်းသားများကို သင်ကြားပေးပါသည်။ ဟန်ချက်ညီမျှတစွာ တွေးတောခြင်းနှင့် ကြောင်းကျိုးဆက်စပ် ဆင်ခြင်မှုနှင့် စိတ်ခံစားမှုကို ဖော်ထုတ်ပြသခြင်းအပေါ်‌ အခြေခံလျက် ကျွန်ုပ်တို့သည် ဒီဇိုင်းပိုင်းဆိုင်ရာ တင်ဆက်မှုဟန်ပန်အသစ်ကို စူးစမ်းလေ့လာပြီး လူတစ်ဦးချင်းစီအလိုက် ဆန်းသစ်တီထွင်နိုင်စွမ်း ရှိလာသည်အထိ ဖန်တီးမှုနှင့် အရည်အချင်းကို မြှင့်တင်ပေးကာ ဒီဇိုင်းပိုင်း ပညာရေးတွင်လည်း ကျောင်းသားများကို ပါဝင်သင်ယူစေပါသည်။ စက်မှုဒီဇိုင်း မေဂျာသည် လူတစ်ဦးချင်းစီ၏ အကျင့်စရိုက်နှင့် လုပ်ကိုင်နိုင်စွမ်းများအား တတ်နိုင်သမျှ မြှင့်တင်ပေးပါသည်။ ဤမေဂျာသည် သင်ရိုးတစ်ခုချင်းစီကို စစ်မှန်စွာ ပေါင်းစပ်ချိတ်ဆက်ပေးခြင်းဖြင့် တီထွင်ဖန်တီးနိုင်စွမ်းနှင့် အခြေခံပုံသွင်းပေးသည့် အသိကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ပါသည်။ ကြောင်းကျိုးယုတ္တိရှိသော စဉ်းစားတွေးခေါ်မှုနှင့် အလှအပ အာရုံခံနိုင်စွမ်းအပေါ် အခြေပြု၍ တီထွင်ဖန်တီးသည့် စိတ်ကူးစိတ်သန်းများနှင့် လှပတင့်တယ်စွာ ဖော်ထုတ်တင်ဆက်နိုင်စွမ်းများ ပိုင်ဆိုင်စေရန် ဒီဇိုင်နာများအား ပညာပေးသင်ကြားပေးဖို့လည်း ရည်ရွယ်ပါသည်။ ဘွဲ့ရပြီးနောက် ကျောင်းသားများအနေဖြင့် ထုတ်ကုန်ဒီဇိုင်းရေးဆွဲခြင်း၊ UX ဒီဇိုင်း၊ ဝန်ဆောင်မှုဒီဇိုင်း၊ ပတ်ဝန်းကျင်ဒီဇိုင်း၊ နေရာလွတ်နှင့်ပတ်သက်၍ ဒီဇိုင်းပုံစံဆွဲခြင်း၊ 3D အကြောင်းအရာများနှင့် CG နယ်ပယ်များတွင် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကို ရရှိနိုင်ပါမည်။

ကာတွန်းနှင့် အန်နီမေးရှင်းဌာန

ကာတွန်းနှင့် အန်နီမေးရှင်းဌာနသည် အနုပညာကောလိပ်၏ ကာလရှည်ကြာ အစဉ်အလာအပေါ်‌ အခြေပြု၍ ကာတွန်း၊ အန်နီမေးရှင်း၊ ဂိမ်းနှင့် ရုပ်ရှင်လုပ်ငန်းနယ်ပယ်တွင် တီထွင်ဖန်တီးမှုရှိသော အနုပညာရှင်များအား လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားပြီး Cheongju တက္ကသိုလ်တွင် အထူးပြုမေဂျာတစ်ခုအဖြစ် အဆင့်မြင့် ပညာရေးဆိုင်ရာ ပစ္စည်းကိရိယာများ တပ်ဆင်ထားပါသည်။ ဤမေဂျာတွင် သင်ကြားပေးသော ပညာရေးသည် အခြေခံသင်ရိုးများမှ အနီးကပ် အသေးစိတ်သင်ကြားပေးသည့် သင်ရိုးများအထိ စနစ်ကျနသော သင်ခန်းစာများ ပါဝင်ပါသည်။ ထို့အပြင် ပြင်ပလောကတွင် လက်တွေ့လုပ်ကိုင်ဖူးသည့် အတွေ့အကြုံ ပေါများကြွယ်ဝသော မဟာဌာန ဆရာ/ဆရာမများကြောင့် ဤမေဂျာတွင် ကွဲပြားစုံလင်ပြီး ကျယ်ပြန့်သည့် သင်တန်းမြောက်များစွာမှ ရွေးချယ်နိုင်သည့် ကောင်းကျိုးကိုလည်း ရရှိနိုင်ပါသည်။ ထိုမျှသာမက ကာတွန်းနှင့် အန်နီမေးရှင်းဌာနသည် Illustrators ၊ 3D အန်နီမေးရှင်း၊ ရုပ်ရှင်များပါဝင်သော အသင်းအဖွဲ့လိုက် လှုပ်ရှားမှုများသာမက အခြား ပညာပေးလှုပ်ရှားမှုများ၊ အငယ်တန်းနှင့် အကြီးတန်း ကျောင်းသားများအကြား အပြန်အလှန် ချိတ်ဆက်လုပ်ဆောင်မှုများ၊ ကျွမ်းကျင်သူများ၏ အထူးလက်ချာများ၊ မည်သူမဆို တက်ရောက်သင်ယူနိုင်သော အတန်းများလည်း စီစဉ်ပေးထားပြီး ၎င်းတို့အားလုံးသည် ကျောင်းသားများ၏ လေ့လာသင်ယူနိုင်စွမ်းကို မြှင့်တင်ပေးကာ ကွန်ရက်တိုးချဲ့နိုင်စေမည့် အခွင့်အလမ်းများ ပေးစွမ်းနိုင်ပါသည်။

ဖလင်နှင့် ဓာတ်ပုံဌာန

နှစ်ပေါင်း 40 ရပ်တည်ခဲ့သည့် အစဉ်အလာရှိသော ဖလင်နှင့် ဓာတ်ပုံဌာနသည် ကမ္ဘာ့ဈေးကွက်နှင့် စတုတ္ထမြောက် စက်မှုတော်လှန်ရေးကို ဦးဆောင်နိုင်သော အရည်အချင်းရှိသူများကို ပြုစုပျိုးထောင်ပေးရန် အကောင်းဆုံးသောဌာန ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဌာနသည် အနာဂတ်အတွက် လိုအပ်နေသည့် ပရော်ဖက်ရှင်နယ် ရုပ်ရှင်နှင့် ဓာတ်ပုံ အနုပညာရှင်များကို မွေးထုတ်ပေးနိုင်မည့် အကောင်းဆုံးသော ပညာသင်ကြားရေးကို ပေးစွမ်းနိုင်ပြီး အဆင့်မြင့်သော လက်တွေ့ပညာသင်ကြားမှုမှတစ်ဆင့် ကမ္ဘာ့ပညာရေးနှင့် လိုက်လျောညီထွေ ရပ်တည်သင်ယူနိုင်ရန် လေ့ကျင့်ပေးပါသည်။ ဇာတ်ရုံဌာန 1981 ခုနှစ်တွင် ဇာတ်ရုံနှင့် ရုပ်ရှင်ဌာနကို စတင်တည်ထောင်ချိန်မှစ၍ Cheongju တက္ကသိုလ် ဇာတ်ရုံမေဂျာသည် နှစ် 40 ကြာ ရပ်တည်ခဲ့သည့် အစဉ်အလာကို ယနေ့အချိန်ထိ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။ 2005 ခုနှစ်တွင် ဤမေဂျာကို တင်ဆက်မှုအနုပညာနှင့် ရုပ်ရှင်ဌာန၏ လက်အောက်တွင် ဇာတ်ရုံမေဂျာနှင့် ရုပ်ရှင်မေဂျာဟူ၍ ခွဲထုတ်ခဲ့ပြီး 2018 ခုနှစ်တွင် ဇာတ်ရုံနှင့် ရုပ်ရှင်ဌာနအဖြစ် ပြန်လည်ပေါင်းစည်းခဲ့ပါသည်။ 2023 ခုနှစ်မှစတင်၍ 21 ရာစုအတွင်း စတုတ္ထမြောက် စက်မှုတော်လှန်ရေးခေတ်အတွက် လိုအပ်သော တီထွင်ဖန်တီးမှုရှိသည့် အနုပညာအရည်အချင်းပိုင်ရှင်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် ဇာတ်ရုံဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ပါသည်။ မေဂျာများကို သရုပ်ဆောင်မေဂျာနှင့် ဒါရိုက်တာမေဂျာအဖြစ် ခွဲခြားထားပါသည်။ သရုပ်ဆောင်မေဂျာသည် အခြေခံ သရုပ်ဆောင်သင်ရိုးမှ အမျိုးမျိုးသော မီဒီယာနှင့် အနုပညာအမျိုးအစားများကို ပေါင်းစပ်ထားသည့် သင်ရိုးတစ်ခုမှတစ်ဆင့် တီထွင်ဖန်တီးနိုင်စွမ်းရှိသော၊ ထူးခြားသော သရုပ်ဆောင်များအား မွေးထုတ်ပေးရန် ရည်ရွယ်ပါသည်။ ဒါရိုက်တာမေဂျာသည် လျင်မြန်စွာပြောင်းလဲနေသည့် တင်ဆက်မှုအနုပညာလောကနှင့် ကိုက်ညီသော ပေါင်းစပ်စုစည်းထားသည့်၊ ရှုပ်ထွေးသည့် အကြောင်းအရာ တီထွင်ဖန်တီးမှု စွမ်းရည်များအား ပိုမိုအားကောင်းစေခြင်းဖြင့် ခေတ်ကိုအမီလိုက်နိုင်သော ပရော်ဖက်ရှင်နယ် အနုပညာရှင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်ပါသည်။

ဇာတ်ရုံဌာန

1981 ခုနှစ်တွင် ဇာတ်ရုံနှင့် ရုပ်ရှင်ဌာနကို စတင်တည်ထောင်ချိန်မှစ၍ Cheongju တက္ကသိုလ် ဇာတ်ရုံမေဂျာသည် နှစ် 40 ကြာ ရပ်တည်ခဲ့သည့် အစဉ်အလာကို ယနေ့အချိန်ထိ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။ 2005 ခုနှစ်တွင် ဤမေဂျာကို တင်ဆက်မှုအနုပညာနှင့် ရုပ်ရှင်ဌာန၏ လက်အောက်တွင် ဇာတ်ရုံမေဂျာနှင့် ရုပ်ရှင်မေဂျာဟူ၍ ခွဲထုတ်ခဲ့ပြီး 2018 ခုနှစ်တွင် ဇာတ်ရုံနှင့် ရုပ်ရှင်ဌာနအဖြစ် ပြန်လည်ပေါင်းစည်းခဲ့ပါသည်။ 2023 ခုနှစ်မှစတင်၍ 21 ရာစုအတွင်း စတုတ္ထမြောက် စက်မှုတော်လှန်ရေးခေတ်အတွက် လိုအပ်သော တီထွင်ဖန်တီးမှုရှိသည့် အနုပညာအရည်အချင်းပိုင်ရှင်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် ဇာတ်ရုံဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ပါသည်။ မေဂျာများကို သရုပ်ဆောင်မေဂျာနှင့် ဒါရိုက်တာမေဂျာအဖြစ် ခွဲခြားထားပါသည်။ သရုပ်ဆောင်မေဂျာသည် အခြေခံ သရုပ်ဆောင်သင်ရိုးမှ အမျိုးမျိုးသော မီဒီယာနှင့် အနုပညာအမျိုးအစားများကို ပေါင်းစပ်ထားသည့် သင်ရိုးတစ်ခုမှတစ်ဆင့် တီထွင်ဖန်တီးနိုင်စွမ်းရှိသော၊ ထူးခြားသော သရုပ်ဆောင်များအား မွေးထုတ်ပေးရန် ရည်ရွယ်ပါသည်။ ဒါရိုက်တာမေဂျာသည် လျင်မြန်စွာပြောင်းလဲနေသည့် တင်ဆက်မှုအနုပညာလောကနှင့် ကိုက်ညီသော ပေါင်းစပ်စုစည်းထားသည့်၊ ရှုပ်ထွေးသည့် အကြောင်းအရာ တီထွင်ဖန်တီးမှု စွမ်းရည်များအား ပိုမိုအားကောင်းစေခြင်းဖြင့် ခေတ်ကိုအမီလိုက်နိုင်သော ပရော်ဖက်ရှင်နယ် အနုပညာရှင်များကို အားပေးမြှင့်တင်ရန် ရည်ရွယ်ပါသည်။

အားလုံးအတွက်အားကစား ဌာန

အားလုံးအတွက်အားကစား ဌာနသည် နိုင်ငံအလယ်ပိုင်းဒေသ၊ အားကစားနယ်ပယ်တွင် အကောင်းဆုံးသော သမိုင်းကြောင်း၊ အစဉ်အလာတို့နှင့်အတူ ကြေးစား အားကစားသမားများ မွေးထုတ်ပေးရန် ရည်ရွယ်ပါသည်။ ကာယပညာရေး သီအိုရီကို ရေးဆွဲပြုစုရန်နှင့် လက်တွေ့ကျသော ပရော်ဖက်ရှင်နယ်စွမ်းရည်များကို မြှင့်တင်ရန် အဆင့်အမြင့်ဆုံး အခြေခံအဆောက်အအုံများကိုလည်း ပိုင်ဆိုင်ထားပါသည်။ ၎င်းကိုအခြေပြု၍ စတုတ္ထမြောက် စက်မှုတော်လှန်ရေးခေတ်အတွက် လိုအပ်သော ကျွမ်းကျင်သူများကို 4 နှစ်တာ တက္ကသိုလ်သင်ရိုးညွှန်းတမ်းဖြင့် လေ့ကျင့်သင်ကြားပေးပါသည်။