Only Student, Only Education

Open the Future, Go to the World

  • HOME
  • တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ
  • ဘွဲ့ကြိုသင်တန်း
  • ပညာရေးကောလိပ်

ပညာရေးကောလိပ်

ပညာရေးကောလိပ်

ကိုရီးယားဘာသာ ပညာရေးဌာန၊ သင်္ချာပညာရေးဌာန

ကိုရီးယားဘာသာ ပညာရေးဌာန

တီထွင်ဖန်တီးမှုရှိသည့် ဉာဏ်ရည်နှင့် ထူးခြားကောင်းမွန်သည့် စိတ်ထားကို ပိုင်ဆိုင်ထားသူ အထက်တန်းကျောင်းအဆင့် ကိုရီးယားဘာသာစကား ဆရာ/ဆရာမများကို လေ့ကျင့်သင်ကြားပေးရန် ရည်မှန်းချက်ဖြင့် 2015 ခုနှစ် မတ်လတွင် Sino-Korean Classics ပညာရေးဌာနကို တည်ထောင်ခဲ့ပါသည်။ အဆိုပါ အခြေခံရည်မှန်းချက်များ ပြည့်မြောက်စေရန်အတွက် မေဂျာတစ်ခုချင်းအလိုက် နောက်ဆုံးပေါ် သီအိုရီများနှင့် အသိပညာများကို ကျွမ်းကျင်ပိုင်နိုင်စေရန်၊ ဆရာ/ဆရာမများ၏ စိတ်နေစိတ်ထား ပိုမိုမြင့်မားကောင်းမွန်စေရန် နှစ်သိမ့်ဆွေးနွေးမှုဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စိတ်နေသဘောထားဆိုင်ရာ သွန်သင်လမ်းညွှန်မှုတို့ကို ကျွန်ုပ်တို့ ဆက်လက်လုပ်ဆောင်နေပြီး နောက်ဆုံးရည်မှန်းချက်ပန်းတိုင်မှာ ဉာဏ်ရည်ရော စိတ်ထားပါ ကောင်းမွန်သည့် ကိုရီးယားဘာသာစကား ဆရာ/ဆရာမများ မွေးထုတ်ပေးရန် ဖြစ်ပါသည်။ ထို့အပြင် မေဂျာအလိုက် ဆရာ/ဆရာမ အသိအမှတ်ပြုလက်မှတ် ပေးအပ်ရန် အထူးလက်ချာများ၊ နှီးနှောဖလှယ်ပွဲများနှင့် သင်ကြားမှုနည်းစနစ် ကျွမ်းကျင်ပိုင်နိုင်ရေးကဲ့သို့သော လှုပ်ရှားမှုအမျိုးမျိုးနှင့် ပညာပေးအစီအစဉ်များ၊ စေတနာ့ဝန်ထမ်းအဖြစ် သင်ကြားခြင်းနှင့် လက်တွေ့သရုပ်ပြ သင်ကြားမှုများ ကဲ့သို့သော လက်တွေ့ကွင်းဆင်း လှုပ်ရှားမှုအစီအစဉ်များကို ကျောင်းသားများအတွက် စီမံဆောင်ရွက်ပေးပြီး ဆရာ/ဆရာမ လူသစ်စု‌ဆောင်းခေါ်ယူမှု စာမေးပွဲအတွက် စေ့စပ်စွာ ကြိုတင်ပြင်ဆင်နိုင်စေသောကြောင့် ရလဒ်ကောင်းများ ရရှိနိုင်စေပါသည်။

သင်္ချာပညာရေးဌာန

လူသားတို့၏ အတွေ့အကြုံပေါ် အခြေပြုသည့် သဘာဝအလျောက် သိမြင်နားလည်မှုဆိုင်ရာ စနစ်ကျသည့် နည်းစနစ်ပိုင်းမှတစ်ဆင့် ထုတ်နုတ်ထားသည့် ခေတ်သစ်သင်္ချာပညာသည် လူမှုပတ်ဝန်းကျင်အတွင်းနှင့် သဘာဝလောကအတွင်း အချို့သော ဖြစ်စဉ်ဖြစ်ရပ်များ၏ သဘောသဘာဝကို ဆင်ခြင်နားလည်နိုင်စေရန် အထိရောက်ဆုံးသော အထောက်အကူနည်းလမ်းတစ်ခု ဖြစ်ပါသည်။ သဘာဝသိပ္ပံနှင့် အင်ဂျင်နီယာပညာအပြင် လူမှုဘာသာရပ်များနှင့် လူမှုရေးသိပ္ပံ အပါအဝင် ဘာသာရပ်နယ်ပယ်အများအပြားတွင် ၎င်းကို အသုံးချနိုင်ပါသည်။ ထို့အပြင် ၎င်း၏ အရေးပါမှုနှင့် လက်တွေ့အသုံးချနိုင်သည့် နယ်ပယ်မှာ ယခုလက်ရှိ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် ခေတ်သစ် စက်မှုလုပ်ငန်းလောကတွင် အလွန်ကျယ်ပြန့်လှပါသည်။ ဤမေဂျာ၏ ရည်မှန်းချက်မှာ ခေတ်သစ်သင်္ချာပညာ အခြေခံသဘောတရားများနှင့် သင်္ချာဆိုင်ရာ စည်းစနစ်များကို ကျောင်းသားများ နားလည်စေရန်အတွက် လေ့ကျင့်ပေးရန်၊ နည်းစနစ်တကျ စဉ်းစား တွေးခေါ်မှုကို လေ့ကျင့်ပေးရန်၊ သင်္ချာပညာ၏ သဘောတရားနှင့် လက်တွေ့အသုံးချမှု နည်းလမ်းများအား သင်ကြားသင်ယူရန်၊ တီထွင်ဖန်တီးမှုရှိပြီး သဟဇာတဖြစ်သည့် စိတ်နေသဘောထားနှင့် ကျယ်ပြန့်သော ကမ္ဘာလောကဆိုင်ရာ အမြင်ကို ပိုင်ဆိုင်ထားသည့် အရည်အချင်းပြည့် အထက်တန်း သင်္ချာဆရာနှင့် သင်္ချာပညာရှင်များအား ပျိုးထောင်ပေးရန်တို့ဖြစ်ပါသည်။ ထို့အပြင် ထိုရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းမှာ သင်္ချာကျွမ်းကျင်မှုနှင့် အချက်အလက်ကို လိုအပ်သော လူမှုပတ်ဝန်းကျင်အတွင်း နယ်ပယ်အမျိုးမျိုးတွင် မိမိ၏ အသိပညာနှင့် အချက်အလက်များအား အသုံးချခြင်းဖြင့် ရှုပ်ထွေးသော ပုစ္ဆာများကို ဖြေရှင်းနိုင်သည့်၊ နိုင်ငံ၊ လူမှုဝန်းကျင်နှင့် လူသားမျိုးနွယ်၏ တိုးတက်မြင့်မားရေးအတွက် အကျိုးပြုနိုင်သည့် သင်္ချာကျွမ်းကျင်သူများအား လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ဖြစ်ပါသည်။