- HOME
- တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ
- ဘွဲ့ကြိုသင်တန်း
- အင်ဂျင်နီယာကောလိပ်
အင်ဂျင်နီယာကောလိပ်
အင်ဂျင်နီယာကောလိပ်
အသုံးချဓာတုဗေဒဌာန၊ စွမ်းအင် စုစည်းပေါင်းဆုံမှု အင်ဂျင်နီယာပညာ ဌာန၊ ဒေတာသိပ္ပံပညာဌာန၊ ဉာဏ်ရည်တုနှင့် ဆော့ဖ်ဝဲဌာန၊ ဒစ်ဂျစ်တယ်လုံခြုံရေးဌာန၊ မြို့ပြအင်ဂျင်နီယာဌာန၊ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာဌာန၊ မြေယာရှုခင်း ဗိသုကာပညာနှင့် မြို့ပြစီမံကိန်းရေးဆွဲရေး ဌာန၊ ဗိသုကာပညာဌာန၊ လျှပ်စစ်အင်ဂျင်နီယာဌာန၊ စနစ်တွင်းသုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းအင်ဂျင်နီယာပညာ ဌာန၊ လျှပ်စစ်နှင့် ထိန်းချုပ်မှုဆိုင်ရာ အင်ဂျင်နီယာဌာန
အသုံးချဓာတုဗေဒဌာန
ဓာတုဗေဒသည် ဓာတ်ပစ္စည်းများ၏ အနှစ်သာရနှင့် ပြောင်းလဲမှုကို လေ့လာသည့် သဘာဝသိပ္ပံ ပညာရပ်နယ်ပယ်တစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အသုံးချဓာတုဗေဒဌာနသည် ဓာတုရူပဗေဒ၊ အော်ဂဲနစ်နှင့် ပေါ်လီမာ ဓာတုဗေဒ၊ နာနိုနှင့် အဇီဝမူလ ဓာတုဗေဒ၊ အရန်ဘက်ထရီနှင့် ပတ်သက်သော လျှပ်စစ်နှင့် သရုပ်ခွဲမှု ဓာတုဗေဒ၊ ဇီဝဓာတုဗေဒ ဟူသည့် ပင်မနယ်ပယ်များဖြင့် ဖွဲ့စည်းထားပါသည်။ ပင်မနယ်ပယ်တစ်ခုချင်းစီတွင် သိပ္ပံပညာ ဗဟုသုတ စုဆောင်းမှု၊ သီအိုရီနှင့် လက်တွေ့စမ်းသပ်ခြင်းမှတစ်ဆင့် တီထွင်ဖန်တီးနိုင်စွမ်း မြှင့်တင်မှုတို့ကို လုပ်ဆောင်ရန် ရည်ရွယ်ပါသည်။
စွမ်းအင် စုစည်းပေါင်းဆုံမှု အင်ဂျင်နီယာပညာ ဌာန
"အနာဂတ် စွမ်းအင်ခေါင်းဆောင်အပေါင်းတို့။ စွမ်းအင် စုစည်းပေါင်းဆုံမှု အင်ဂျင်နီယာပညာ ဌာနသည် SSG ကို ဖွင့်လှစ်လိုက်ပါပြီ။"
SSG (နေရောင်ခြည်စွမ်းအင် + အရန် ဘက်ထရီဆဲလ် + စိမ်းလန်းသော ဟိုက်ဒရိုဂျင်)
စွမ်းအင် စုစည်းပေါင်းဆုံမှု အင်ဂျင်နီယာပညာ ဌာနသည် နိုင်ငံတွင် 'နေရောင်ခြည်စွမ်းအင်၊ ဒုတိယဦးစားပေး ဘက်ထရီ၊ ဟိုက်ဒရိုဂျင်' ကို အဓိကအလေးထားသည့် တစ်ခုတည်းသော မေဂျာဖြစ်ပြီး အစိုးရ (ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင် ဝန်ကြီးဌာန) နှင့် ဒေသဆိုင်ရာ အစိုးရများမှ 'နေရောင်ခြည်စွမ်းအင်၊ အရန်ဘက်ထရီ၊ ဟိုက်ဒရိုဂျင်' စွမ်းအင် ကျွမ်းကျင်သူများကလည်း ပံ့ပိုး၊ ဆောင်ရွက်ပေးနေပါသည်။
၎င်းသည် Cheongju တက္ကသိုလ်မှ အဆင့်မြင့်ပညာရေးနှင့် လေ့ကျင့်သင်ကြားမှု ပံ့ပိုးရေး စီမံကိန်း၏ ရလဒ်အဖြစ် အသစ်တည်ထောင်ထားသော Eum-seong နယ်မြေ ကျောင်းခွဲတွင် အစပြုပါသည်။
စွမ်းအင် စုစည်းပေါင်းဆုံမှု အင်ဂျင်နီယာဌာနတွင် မေဂျာယူခြင်းဖြင့် သင်သည် 2050 ခုနှစ်တွင် ကာဗွန်ကင်းစင်ရန် ဦးတည်နေသည့် ခေတ်ကာလအတွင်း စွမ်းအင်လုပ်ငန်းလောက အနာဂတ်ကို ဦးဆောင်နိုင်မည်ဖြစ်ပါသည်။
ဤဌာနတွင် နေရောင်ခြည်စွမ်းအင်ကို အဓိကထားသည့် ပြန်ပြည့်မြဲစွမ်းအင်၊ စွမ်းအင်သိုလှောင်မှုစနစ်အဖြစ် အသုံးပြုသည့် အရန်ဘက်ထရီနှင့် လောင်စာဆဲလ်၊ ဟိုက်ဒရိုဂျင် စွမ်းအင်ကို အဓိကထားသော စွမ်းအင်အမျိုးအစားသစ် အစရှိသည့် ကဏ္ဍများဖြင့် ဖွဲ့စည်းထားပါသည်။
ပြန်ပြည့်မြဲစွမ်းအင်နှင့် စွမ်းအင်သိုလှောင်မှုစနစ် အမျိုးအစားသစ်ဆိုင်ရာ ကျယ်ပြန့်သော ကျွမ်းကျင်မှုအရည်အချင်း + လက်တွေ့စမ်းသပ်မှုများကို ဗဟိုပြုထားသည့် ပထမဘွဲ့သင်ရိုး = စွမ်းအင်စုစည်းပေါင်းဆုံမှုဆိုင်ရာ ကျွမ်းကျင်မှု သင်တန်း။
ကျွန်ုပ်တို့သည် ဆိုလာဆဲလ်များ၊ အရန်ဘက်ထရီများ၊ လောင်စာဆဲလ်များ၊ ဟိုက်ဒရိုဂျင် စွမ်းအင် ဟူသော နယ်ပယ်များတွင် ဓာတ်ပစ္စည်းများ၊ စက်ကိရိယာများနှင့် ထုတ်လုပ်ရေးဆိုင်ရာ သီအိုရီပိုင်းနှင့် လက်တွေ့ သင်ကြားလေ့ကျင့်ရေးပိုင်းကို ဟန်ချက်ညီညီ တွဲဖက်ပို့ချခြင်းဖြင့် လက်တွေ့လုပ်ငန်းတွင်း တုံ့ပြန်နိုင်စွမ်း ပိုမိုကောင်းမွန်သည့် အင်ဂျင်နီယာလောင်းများကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ပါသည်။
ဒေတာသိပ္ပံပညာဌာန
ဒေတာသိပ္ပံပညာဌာနသည် စတုတ္ထမြောက် စက်မှုတော်လှန်ရေးတွင် အဓိကကျသော နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အကြီးစားဒေတာ၊ ဉာဏ်ရည်တု (AI) နှင့် အင်တာနက် ချိတ်ဆက်ပစ္စည်းများ (Internet of things, IoT) စသည်တို့အား ပိုင်နိုင်သော ဒေတာကျွမ်းကျင်ပညာရှင်များကို မွေးထုတ်ပေးပါသည်။ အလျင်အမြန်မြင့်တက်လာသည့် ဒေတာကျွမ်းကျင်ပညာရှင် လိုအပ်ချက်ကို အမီလိုက်နိုင်စေရန် တည်ထောင်ထားသော ကျွန်ုပ်တို့၏ဌာနသည် ဒေတာလုပ်ငန်းနယ်ပယ်တွင် အဓိကနေရာ၌ တာဝန်ထမ်းဆောင်နိုင်သူ ဒေတာသိပ္ပံပညာရှင်များအား စွမ်းရည်မြှင့်တင်ပေးဖို့ ရည်ရွယ်ပါသည်။ အတိအကျဆိုရလျှင် ကျွန်ုပ်တို့သည် စုစည်းပေါင်းဆုံ တွေးခေါ်မှုအပေါ် အခြေပြုသော လက်တွေ့ကျသည့် ဒေတာဆိုင်ရာစွမ်းရည်များကို ပေးစွမ်းနိုင်သည့် အခြေခံနှင့် အဆင့်မြင့် သင်တန်းများမှတစ်ဆင့် စက်မှုလုပ်ငန်းလောကအတွင်း၌ အများနှင့်ယှဉ်နိုင်သည့် အရည်အသွေးရှိသူ ဒေတာသိပ္ပံပညာရှင်များကို ပျိုးထောင်ပေးပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် စီးပွားရေးမော်ဒယ်များ တည်ဆောက်ရန်နှင့် ဒေတာပိုင်းခြားစိစစ်မှု ရလဒ်များအား နည်းလမ်းအမျိုးမျိုးဖြင့် အသုံးချရန်အတွက် အကြီးစားဒေတာ ပိုင်းခြားသုံးသပ်မှုလုပ်ဆောင်ရန် R ၊ Python နှင့် SQL ကဲ့သို့သော ကွန်ပျူတာသင်ရိုးများကိုလည်း ပို့ချပါသည်။
ဉာဏ်ရည်တုနှင့် ဆော့ဖ်ဝဲဌာန
ဉာဏ်ရည်တုနှင့် ဆော့ဖ်ဝဲဌာနကို 2018 ခုနှစ်တွင် ကွန်ပျူတာသတင်းအချက်အလက် အင်ဂျင်နီယာပညာဌာနမှတစ်ဆင့် ပြန်လည်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ အဆင့်မြင့် ဆော့ဖ်ဝဲကျွမ်းကျင်မှုများ ပိုင်ဆိုင်ထားသည့် ပညာရှင်များအား မွေးထုတ်ပေးရန်နှင့် ဉာဏ်ရည်ဆိုင်ရာ ဆော့ဖ်ဝဲလောကအတွက် အကျိုးပြုနိုင်ရန် ရည်မှန်းချက်ဖြင့် ဆော့ဖ်ဝဲနှင့် ဉာဏ်ရည်တုကို အဓိကအလေးထားပြီး သင်ရိုးကို ပြန်လည်ပြင်ဆင်ရေးဆွဲထားပါသည်။ ဆော့ဖ်ဝဲနည်းပညာသည် အနာဂတ် IT လုပ်ငန်းနယ်ပယ်အတွက် အဓိကကျသော တန်ဖိုးတိုးစေသည့် နည်းပညာတစ်ရပ် ဖြစ်ပါသည်။ ဆော့ဖ်ဝဲလုပ်ငန်းနယ်ပယ်သည် လူပုဂ္ဂိုလ်ကို ဗဟိုပြုပြီး လူပုဂ္ဂိုလ်များသည် အများနှင့်ပြိုင်ဆိုင်ရာတွင် အသာစီးရစေမည့် အင်အားများဖြစ်ပါသည်။ ဤဌာနမှ ဆရာ/ဆရာမများသည် ဆော့ဖ်ဝဲလုပ်ငန်းနယ်ပယ်အတွင်း ပြိုင်ဆိုင်နိုင်စွမ်းရှိသော ကျွမ်းကျင်သူများကို လေ့ကျင့်သင်ကြားပေးရန် ဦးစားပေးအာရုံစိုက်ထားပါသည်။ ကျွန်ုပ်တို့သည် Programming Language များ (C ၊ Python ၊ Java ၊ JSP)၊ AI Algorithm ၊ AI ပရိုဂရမ်ရေးဆွဲခြင်း၊ စက်လည်ပတ်မှုစနစ်၊ ကွန်ပျူတာစနစ် သဘောသဘာဝနှင့် တည်ဆောက်ပုံ၊ ဒေတာဘေ့စ်များ စသည့်ဖြင့် AI နှင့် ဆော့ဖ်ဝဲကဏ္ဍများဆိုင်ရာ အဓိကကျသည့် အသိပညာကို ပို့ချသင်ကြားပေးပါသည်။ ကျွန်ုပ်တို့၏ အရည်အချင်းမီ ပညာရေးစနစ်ဖြင့် ပါမောက္ခများသည် AI နှင့် ဆော့ဖ်ဝဲကဏ္ဍအတွင်း ထူးချွန်ကျောင်းသားများကို မွေးထုတ်ပေးနိုင်မည် ဖြစ်ပါသည်။ ကျောင်းသားများသည် စတုတ္ထမြောက် စက်မှုတော်လှန်ရေးအတွင်း အဓိကကျသော ကျွမ်းကျင်သူများအဖြစ် တိုးတက်လာကြပါမည်။
ဒစ်ဂျစ်တယ်လုံခြုံရေးဌာန
ကွန်ပျူတာစနစ်များ၊ ကွန်ရက်များ၊ စမတ် စက်ပစ္စည်းများ၊ မာလ်တီမီဒီယာ စက်ပစ္စည်းများတွင် ဆထက်ထမ်းပိုး တိုးပွားလာသည့် တိုးတက်မြင့်မားမှုများကြောင့် သတင်းအချက်အလက်များ ထုတ်လုပ်၊ စုဆောင်း၊ ထုတ်လွှင့်ပေးနိုင်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ စုစည်းဖြန့်ဝေရေး ဝန်ဆောင်မှုများမှာ ပိုမိုမြန်ဆန်၊ ကျယ်ပြန့်ပြီး အဆင်ပြေချောမွေ့လာနေပါသည်။ သို့သော် ကွန်ပျူတာစနစ်များနှင့် ကွန်ရက်များအား လုံခြုံစွာ ကာကွယ်ထိန်းသိမ်းထားခြင်း မရှိသောကြောင့် အစိုးရနှင့် ပုဂ္ဂလိကဆိုင်ရာ အချက်အလက်များအား Hacking လုပ်သည့် တိုက်ခိုက်မှုအမျိုးမျိုးမှာ ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိပါသည်။ သို့ဖြစ်၍ ကွန်ပျူတာစနစ်များ၊ ကွန်ရက်များကို လုံခြုံစွာ ကာကွယ်ပေးနိုင်သည့် လျှို့ဝှက်ထိန်းသိမ်းမှု၊ တည်တံ့ခိုင်မြဲမှု၊ စစ်မှန်မှုနှင့် ဝင်ရောက်သုံးစွဲခွင့် ထိန်းချုပ်မှု ကဲ့သို့သော သတင်းအချက်အလက်လုံခြုံရေး ဝန်ဆောင်မှုများမှာ ပိုမို၍ အရေးကြီးလာပါသည်။ ဒစ်ဂျစ်တယ်လုံခြုံရေးဌာနသည် Hacking အမျိုးမျိုး၊ ဗိုင်းရပ်စ်များ၊ သတင်းအချက်အလက်များအား တရားမဝင်ထုတ်ဖော်ခြင်း၊ အထောက်အထားခိုးယူခြင်း စသည့် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ကွန်ပျူတာစနစ်အပေါ် ခြိမ်းခြောက်မှုအန္တရာယ်များအား ကာကွယ်ထိန်းချုပ်ပြီး ဖြေရှင်းပေးနိုင်သည့် သတင်းအချက်အလက်လုံခြုံရေး ဥပဒေသများနှင့် နည်းစနစ်များအား သင်ကြားပေးပါသည်။ သင်တန်းအစီအစဉ်မှတစ်ဆင့် ကျွန်ုပ်တို့သည် စတုတ္ထမြောက် စက်မှုတော်လှန်ရေး လူမှုပတ်ဝန်းကျင်အတွင်း အစိုးရနှင့် ပုဂ္ဂလိကဆိုင်ရာ သတင်းအချက်အလက်များကို လုံခြုံစွာသိမ်းဆည်း၊ ဖြန့်ဝေပေးနိုင်စွမ်းရှိပြီး ဒစ်ဂျစ်တယ်လုံခြုံရေးကို အထူးပြုကျွမ်းကျင်သည့် အင်ဂျင်နီယာများအား လေ့ကျင့်သင်ကြားပေးပါသည်။
မြို့ပြအင်ဂျင်နီယာဌာန
မြို့ပြအင်ဂျင်နီယာပညာသည် လမ်းများ၊ တံတားများ၊ ဥမင်လှိုဏ်ခေါင်းများ၊ မီရထားလမ်းများ၊ လေဆိပ်များ၊ ဆိပ်ကမ်းများ၊ ရေလှောင်တမံများ၊ ဓာတ်အားပေးစက်ရုံများနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံအမျိုးမျိုး စသည့် လူမှုအဖွဲ့အစည်း၏ အခြေခံအဆောက်အအုံများအား ဒီဇိုင်းရေးဆွဲခြင်း၊ ဆောက်လုပ်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းတို့အပေါ် အဓိကအလေးပေးသည့် ပညာရပ်နယ်ပယ်တစ်ခု ဖြစ်ပါသည်။ မြို့ပြအင်ဂျင်နီယာများသည် သဘောဝနှင့် လူ့လောက ပတ်ဝန်းကျင်အတွင်း မြန်ဆန်သော အပြောင်းအလဲများကို တုံ့ပြန်နိုင်ရန် နိုင်ငံလုံးဆိုင်ရာ မြေယာဖွံ့ဖြိုးရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပြိုင်ဆိုင်နိုင်စွမ်းရှိရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ မြို့ပြအင်ဂျင်နီယာပညာနှင့် ဆက်စပ်သည့် ဘာသာရပ်များတွင် အဆောက်အအုံအင်ဂျင်နီယာပညာ၊ ရေနှင့်ပတ်သက်သော အင်ဂျင်နီယာပညာ၊ ဘူမိနည်းပညာဆိုင်ရာ အင်ဂျင်နီယာပညာတို့ပါဝင်ပြီး လူမှုအဖွဲ့အစည်း၏ အခြေခံအဆောက်အအုံများကို ဒီဇိုင်းပုံစံထုတ်လျက် တည်ဆောက်ရာတွင် မရှိမဖြစ် အရေးပါပါသည်။
ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာဌာန
ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာဘာသာသည် လူသားများ၏ ဘေးကင်းရေးနှင့် ကျန်းမာရေးကို စက်မှုဖွံ့ဖြိုးခြင်းနှင့် မြို့ကြီးများတွင် လူဦးရေထူထပ်များပြားခြင်းကြောင့် ဖြစ်ပေါ်လာသော ညစ်ညမ်းမှုများမှ ကာကွယ်ပေးနိုင်ရန် နေထိုင်မှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်၏ အရည်အသွေးအား ထိန်းသိမ်းမြှင့်တင်သည့် ဘာသာရပ်တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာဌာနသည် ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာမေဂျာအတွက် စနစ်ကျသော သီအိုရီ၊ စမ်းသပ်မှု၊ လက်တွေ့လုပ်ဆောင်မှုနှင့် ဘက်စုံပေါင်းစပ်ထားသော ပညာသင်ကြားမှုတို့မှတစ်ဆင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုအား စစ်ဆေးအဖြေရှာခြင်း၊ အကဲဖြတ်သုံးသပ်ခြင်း၊ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း၊ အရင်းအမြစ်များ တိုးချဲ့ခြင်းအတွက် ကျွမ်းကျင်အဆင့် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန် လေ့လာပါသည်။ မြစ်များနှင့် လူနေအိမ် ရေပိုက်သွယ်တန်းမှုစနစ်များအား ထိန်းသိမ်းကာကွယ်ရန် မိလ္လာနှင့် စွန့်ပစ်ရေဆိုး သန့်စင်ခြင်း၊ ဘုံပိုင်ရေကို ဘေးကင်းစွာသုံးစွဲနိုင်ရန် ရေဆိုးပြုပြင်ခြင်း၊ ရေအရင်းအမြစ်ကာကွယ်ရေးအတွက် ဘေစင်နှင့် ရေအရည်အသွေး နမူနာယူစစ်ဆေးမှု နည်းပညာ၊ စွန့်ပစ်အမှိုက် မီးရှို့ဖျက်ဆီးခြင်း၊ စွမ်းအင်နှင့် အရင်းအမြစ် ပြန်လည်ဖော်ထုတ်မှု နည်းပညာ၊ လေထုညစ်ညမ်းစေသော ပစ္စည်းများဆိုင်ရာ ဘေးအန္တရာယ် အကဲဖြတ်ဆန်းစစ်မှုနှင့် ထိန်းချုပ်မှုနည်းပညာ၊ မြေဆီလွှာညစ်ညမ်းမှုနှင့် မြေအောက်ရေ စီမံခန့်ခွဲမှု နည်ပညာ၊ စက်မှုလုပ်ငန်းသုံး စွန့်ပစ်ပစ္စည်းများအား ထိရောက်ကောင်းမွန်စွာ စီမံခန့်ခွဲခြင်း။ အနာဂတ် စက်မှုလုပ်ငန်းသည် ပတ်ဝန်းကျင်ညစ်ညမ်းစေသော ပစ္စည်းများ ထုတ်လွှတ်မှုကို အနိမ့်ဆုံးသို့ လျှော့ချပေးပြီး ထွက်ရှိလာသော ညစ်ညမ်းစေသည့် ပစ္စည်းများကိုလည်း အကောင်းဆုံး သန့်စင်ပြုပြင်ပေးနိုင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူအပေါ် အခြေခံလျက် တိုးတက်ဖွံ့ဖြိုးလာသင့်ပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာပညာ၏ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ကဏ္ဍသည် အခြားမေဂျာမှန်သမျှထက် ပို၍အလားအလာကောင်းပြီး လူသားတို့၏ သက်သာချောင်ချိရေးနှင့် ရှင်သန်နေထိုင်နိုင်ရေးကို အကျိုးပြုနေပါသည်။ လုပ်ဆောင်စရာကိစ္စရပ်များ များစွာရှိနေသည်ဟု ဆိုနိုင်ပါသည်။
မြေယာရှုခင်း ဗိသုကာပညာနှင့် မြို့ပြစီမံကိန်းရေးဆွဲရေး ဌာန
The Department of Landscape Architecture is a field that has expertise in space planning and creation for the conservation and utilization of resources, natural environment, and human settlement space representing the national environment and cities. In addition, as awareness of the creation of a sustainable environment, such as serious natural damage caused by development and solving energy and social problems, has expanded, it is in the spotlight as a comprehensive science aimed at creating a natural and human harmony and functional and aesthetic environment based on culture and ecology. The Department of Landscape Architecture focuses on the comprehensive practical science to make better environments. In order to cultivate experts to plan, design, construction, and manage the national environment, it intensively organizes and operates basic studies such as natural science and engineering, cultivating analysis skills with creative ideas and insights, and practical courses to develop design sense. Through this, more advanced learning and research are actively being conducted as a specialized field that has been expanded across the country and the environment.
Department of Architecture(5-year)
မြေယာရှုခင်း ဗိသုကာပညာနှင့် မြို့ပြစီမံကိန်းရေးဆွဲရေး ဌာနသည် နိုင်ငံနှင့်အဝှမ်း ပတ်ဝန်းကျင်နှင့် မြို့ပြများရှိ အရင်းအမြစ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် လူအများ အခြေချနေထိုင်ရာ နေရာများကို ထိန်းသိမ်းခြင်းနှင့် အကျိုးရှိရှိ အသုံးချခြင်းအပိုင်းတွင် အဓိကအထူးပြုသည့် နယ်ပယ်ကဏ္ဍတစ်ခုဖြစ်ပါသည်။ ထို့အပြင် ဖွံ့ဖြိုးတိုးတက်မှု၏ ဘေးထွက်ဆိုးကျိုးအဖြစ် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် စွမ်းအင်နှင့် လူနေမှုစနစ်ဆိုင်ရာ ပြဿနာများအား ကိုင်တွယ်ဖြေရှင်းခြင်း စသည်ဖြင့် ရေရှည်တည်တံ့သော ပတ်ဝန်းကျင် ဖန်တီးရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုကျယ်ပြန့်စွာ သိမြင်နားလည်လာသည်နှင့်အမျှ သဘာဝတရားနှင့် လူသားတို့ သဟဇာတဖြစ်စွာ တည်ရှိနေထိုင်နိုင်ရေးနှင့် ယဉ်ကျေးမှု၊ ဂေဟစနစ်တို့အပေါ် အခြေခံ၍ လှပတင့်တယ်သလို လက်တွေ့လည်း အသုံးဝင်သည့် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်ရေးအား ဦးတည်ရည်ရွယ်သည့် ဤဘက်စုံလွှမ်းခြုံမှုရှိသော သိပ္ပံပညာရပ်မှာ အလေးပေးအာရုံစိုက်ခံရပါသည်။ မြေယာရှုခင်း ဗိသုကာပညာနှင့် မြို့ပြစီမံကိန်းရေးဆွဲရေး ဌာနသည် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်များကို ဖန်တီးတည်ဆောက်ရန်အတွက် ဘက်စုံလွှမ်းခြုံမှုရှိသည့် လက်တွေ့သိပ္ပံပညာအပေါ် အဓိကထားပါသည်။ နိုင်ငံနှင့်အဝှမ်း ပတ်ဝန်းကျင်အတွက် အစီအမံရေးဆွဲရန်၊ ပုံစံဒီဇိုင်းထုတ်ရန်၊ တည်ဆောက်ရန်နှင့် စီမံခန့်ခွဲရန် လုပ်ဆောင်နိုင်မည့် ကျွမ်းကျင်သူများအား ပျိုးထောင်ပေးနိုင်ရန်အတွက် သဘာဝသိပ္ပံနှင့် အင်ဂျင်နီယာပညာ၊ တီထွင်ဖန်တီးမှုရှိသော စိတ်ကူးနှင့် အသေးစိတ်သိမြင်မှုများဖြင့် ပိုင်းခြားသုံးသပ်နိုင်စွမ်း စသည့် အခြေခံဘာသာရပ်များနှင့် ဒီဇိုင်းပိုင်းအမြင် တိုးတက်စေရန် လက်တွေ့သင်ခန်းစာများအား လေးနက်ပြည့်စုံစွာ စုစည်းပေါင်းစပ်ပြီး ပို့ချပါသည်။ ထိုမှတစ်ဆင့် နိုင်ငံနှင့် ပတ်ဝန်းကျင်အနေအထားတစ်ရပ်လုံးတွင် တိုးချဲ့ထားသည့် အထူးပြုကဏ္ဍတစ်ရပ်အဖြစ် ပိုမိုအဆင့်မြင့်သော လေ့လာသင်ယူမှုနှင့် သုတေသနလုပ်ငန်းကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါသည်။
ဗိသုကာပညာဌာန (5 နှစ်)
ဗိသုကာပညာဌာန (5 နှစ်) သည် ဗိသုကာဒီဇိုင်းပညာရပ်၏ လူမှုရေး၊ ပတ်ဝန်းကျင်၊ အလှအပနှင့် နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍများတွင် အခြေခံအသိပညာမြှင့်တင်ရေးအပေါ် အဓိကအလေးထားပြီး လူသားဆန်သော အမြင်နှင့် ပြိုင်ဆိုင်နိုင်စွမ်းရှိသည့်၊ အနာဂတ် လူမှုပတ်ဝန်းကျင်အတွက် တာဝန်ယူနိုင်စွမ်းရှိသည့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးရန် ဦးစားပေးလုပ်ဆောင်ပါသည်။ ဗိသုကာပညာရပ်၏ အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီစေရန် ကျွန်ုပ်တို့၏ကျောင်းသည် ကိုရီးယား ဗိသုကာဆိုင်ရာ အသိအမှတ်ပြုစစ်ဆေးရေး ဘုတ်အဖွဲ့၏ အဆင့်အမြင့်ဆုံး ဗိသုကာပညာ အသိအမှတ်ပြုလက်မှတ်ကို 2017 ခုနှစ်တွင် ရရှိခဲ့ပါသည်။
ဗိသုကာအင်ဂျင်နီယာဌာန
ဤဌာနသည် ပြိုင်ဆိုင်နိုင်စွမ်းမြင့်မား၊ အနာဂတ်ကိုဦးတည်ပြီး တီထွင်ဖန်တီးနိုင်သည့် ဗိသုကာအင်ဂျင်နီယာ ကျွမ်းကျင်ပညာရှင်များကို ပျိုးထောင်ပေးနိုင်ရန် တီထွင်ဖန်တီးမှုရှိ၊ လက်တွေ့ကျသည့် ပညာသင်ကြားရေးအပေါ် အဓိကအလေးထားပါသည်။ ဤဌာနသည် အဆောက်အအုံ ဖွဲ့စည်းတည်ဆောက်ပုံ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် ဆောက်လုပ်ခြင်း၊ ဆောက်လုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ အဆောက်အအုံပတ်ဝန်းကျင်နှင့် အင်္ဂါရပ်များ၊ အဆောက်အအုံဒီဇိုင်း စသည့် အဆောက်အအုံ စွမ်းဆောင်ရည်နှင့် တည်ဆောက်ရေးပိုင်းဆိုင်ရာ အင်ဂျင်နီယာနှင့် နည်းပညာပြဿနာများအား စနစ်တကျ ဖြေရှင်းနိုင်စွမ်းရှိသည့် ကျွမ်းကျင်သူများကို လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ပါသည်။ လျှပ်စစ်အင်ဂျင်နီယာဌာန 1976 ခုနှစ်တွင် စတင်တည်ထောင်ချိန်မှစ၍ လျှပ်စစ်အင်ဂျင်နီယာဌာနသည် ကာလရှည်ကြာ ရပ်တည်ခဲ့သည့် အစဉ်အလာရှိပြီး ကိုရီးယားနိုင်ငံတွင် အဓိက လုပ်ငန်းနယ်ပယ်ကြီးတစ်ခုဖြစ်သော လျှပ်စစ်အင်ဂျင်နီယာ လုပ်ငန်းနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အကျိုးပြုနိုင်ခဲ့သည့် ဘွဲ့ရရှိသူ အမြောက်အများကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ လျှပ်စစ်အင်ဂျင်နီယာဌာနသည် လူကြိုက်အများဆုံး မေဂျာများထဲမှ တစ်ခုဖြစ်ပြီး တက္ကသိုလ်ကောလိပ်သို့ ဝင်ခွင့်ရသည့်နှုန်းနှင့် ဘွဲ့ရပြီးနောက် အလုပ်အကိုင်ရရှိမှုနှုန်းကို မြှင့်တင်ရန်အတွက် စနစ်တစ်ခုကို မိတ်ဆက်ဖော်ဆောင်နေပါသည်၊ ထိုစနစ်တွင် ကျောင်းသားတစ်ဦးချင်းစီအတွက် ပါမောက္ခတစ်ဦးစီ သတ်မှတ်ပေးထားပြီး သီအိုရီ မေဂျာအတန်းများ သင်ကြားမှုနှင့် လက်တွေ့ကွင်းဆင်း လုပ်ဆောင်ရာ၌ ကျွမ်းကျင်မှုကို အထောက်အကူပြုရန်အတွက် အချို့သောအဆင့်များတွင် သင်ကြားပို့ချပေးပါသည်။
စနစ်တွင်းသုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းအင်ဂျင်နီယာပညာ ဌာန
တစ်ပိုင်းလျှပ်ကူးပစ္စည်း နယ်ပယ်သည် နိုင်ငံ့စီးပွားရေးတွင် အချက်အချာကျသော နေရာ၌ရှိပြီး မျိုးဆက်သစ် ဖွံ့ဖြိုးတိုးတက်ရေး မောင်းနှင်အားများ၏ အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်ကာ Chungcheongbuk-do တွင် ဖွံ့ဖြိုးတိုးတက်ရေး မောင်းနှင်မှုစွမ်းအားသစ်များအတွက် ဗျူဟာကျသည့် လုပ်ငန်းနယ်ပယ်လေးခုထဲမှ တစ်ခုအဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ ထို့အပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်း လောကအတွင်း အပြောင်းအလဲများဖြစ်ပေါ်ပြီးနောက် ခေတ်အမီဆုံးသော နည်းပညာသစ်များ ပေါ်ထွက်လာမှုသည် နိုင်ငံအဆင့် နည်းပညာဆိုင်ရာ ပြိုင်ဆိုင်မှုအပိုင်းကို မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ စနစ်တွင်းသုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းအင်ဂျင်နီယာပညာ ဌာနသည် လျှပ်စစ်၊ အီလက်ထရောနစ်နှင့် တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍများကဲ့သို့သော အဆင့်မြင့်နည်းပညာအမျိုးမျိုး ပေါင်းစပ်စုစည်းခြင်းမှတစ်ဆင့် အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း လောကအတွင်း နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်လျက်ရှိပြီး အခြေခံသိပ္ပံနှင့် အသုံးချသိပ္ပံပညာတို့အကြား သဟဇာတဖြစ်သည့် ပညာသင်ကြားရေးကို အခြေခံ၍ လက်တွေ့ကျသော အသုံးချမှု နည်းလမ်းများကို လေ့လာလျက်ရှိပါသည်။ ဌာနသည် ကုန်ကြမ်းပစ္စည်းများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း ကိရိယာများနှင့် အတိုင်းအတာများအကြောင်း ကျယ်ပြန့်စွာ လေ့လာစူးစမ်းပြီး လျှပ်စစ်၊ အီလက်ရောနစ်နှင့် ကုန်ကြမ်းပစ္စည်းဆိုင်ရာ အင်ဂျင်နီယာလုပ်ငန်းများကို ချိတ်ဆက်ခြင်းဖြင့် ကျယ်ပြန့်သော အပိုင်းကဏ္ဍအမျိုးမျိုးကို ဦးစီးလည်ပတ်နေပါသည်။
လျှပ်စစ်နှင့် ထိန်းချုပ်မှုဆိုင်ရာ အင်ဂျင်နီယာဌာန
လျှပ်စစ်နှင့် ထိန်းချုပ်မှုဆိုင်ရာ အင်ဂျင်နီယာပညာနယ်ပယ်သည် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် အသုံးပြုသော လျှပ်စစ်ပစ္စည်းများမှ တစ်နိုင်ငံလုံးရှိ စက်မှုလုပ်ငန်းများကို ဓာတ်အားပေးသည့် စနစ်များအထိ စက်မှုလုပ်ငန်းနယ်ပယ်အားလုံး၏ အခြေခံနည်းပညာတစ်ရပ် ဖြစ်ပါသည်။ စတုတ္ထမြောက် စက်မှုတော်လှန်ရေးမှစတင်၍ လျှပ်စစ်ဓာတ်အားသုံးစနစ်သို့ ကူးပြောင်းခြင်းသည် လူမှုပတ်ဝန်းကျင်အတွင်း ကဏ္ဍအားလုံးတွင် ပိုမိုအရေးပါလာသောကြောင့် အနာဂတ်အတွက် အလားအလာကောင်းသော နယ်ပယ်တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် လက်တွေ့ကဏ္ဍကို အလေးပေးဦးတည်ပြီး လျှပ်စစ် စက်ပစ္စည်းများ၊ ဓာတ်အားအမျိုးအစားပြောင်းလဲမှုဆိုင်ရာ ထိန်းချုပ်မှုနှင့် ပြန်ပြည့်မြဲစွမ်းအင် ကဏ္ဍများတွင် အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် တီထွင်ဖန်တီးနိုင်စွမ်းရှိသော၊ အနာဂတ်အမြင်ရှိသော လျှပ်စစ်အင်ဂျင်နီယာပိုင်းဆိုင်ရာ အရည်အချင်းရှိသူများကို ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါသည်။ လျှပ်စစ်နှင့် ထိန်းချုပ်မှုဆိုင်ရာ အင်ဂျင်နီယာဌာနသည် လျှပ်စစ်နှင့် စက်ကိရိယာပိုင်း၊ ထိန်းချုပ်မှုပိုင်းတို့ကို တွဲဖက်ပေါင်းစပ်ထားသည့် သင်ရိုးတစ်ခုကို ရေးဆွဲပြုစုထားပြီး တီထွင်ဖန်တီးမှုရှိရှိ တွေးခေါ်ခြင်းနှင့် အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဗဟုသုတရှိခြင်းအပေါ် အခြေပြု၍ ပရော်ဖက်ရှင်နယ်အဆင့် အသိပညာကို ရရှိပိုင်ဆိုင်ထားသလို စမ်းသပ်မှုများ၊ လက်တွေ့လုပ်ဆောင်မှုများနှင့် ဒီဇိုင်းနည်းပညာများမှတစ်ဆင့် ဘက်စုံကျယ်ပြန့်သော လက်တွေ့ လေ့လာသင်ယူမှုလုပ်ငန်းများအား ဆောင်ရွက်နေပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ဘွဲ့ရများကို ခေါ်ယူခန့်အပ်နေသည့် ကုမ္ပဏီများနှင့် စဉ်ဆက်မပြတ် ချိတ်ဆက်ထားနိုင်ရန် တုံ့ပြန်အကြံပြုသည့် အစီအမံတစ်ခု ရေးဆွဲထားပြီး လက်တွေ့လည်း အကောင်အထည်ဖော်နေပါသည်။