- HOME
- ကျောင်းဝင်ခွင့်
- ဘွဲ့လွန်ကျောင်း
- လိုအပ်သော စာရွက်စာတမ်းများ
လိုအပ်သော စာရွက်စာတမ်းများ
လျှောက်ထားသူအားလုံးအတွက်
- ဖြည့်စွက်ထားပြီးသော လျှောက်လွှာပုံစံ တစ်စောင် (သတ်မှတ်ထားသော လျှောက်လွှာပုံစံ)
- ဓာတ်ပုံနှင့် အထောက်အထားစိစစ်အတည်ပြုချက် စလစ်ဖြတ်ပိုင်း- လျှောက်လွှာပုံစံကို ပရင့်ထုတ်ပြီးနောက် အထောက်အထားစိစစ်အတည်ပြုချက် စလစ်ဖြတ်ပိုင်းကို ဖြဲယူပြီး လျှောက်လွှာပုံစံပါ ဓာတ်ပုံနှင့် တစ်ထပ်တည်းတူညီသော ဓာတ်ပုံတစ်ပုံ ကပ်ပေးပါ။
- လျှောက်ထားသူများ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို စိစစ်အတည်ပြုနိုင်စေရန်အတွက် ၎င်းတို့အနေဖြင့် ထိုစလစ်ဖြတ်ပိုင်းကို လူတွေ့မေးမြန်းရာသို့ ယူသွားရမည်ဖြစ်၍ ကပ်ထားသော ဓာတ်ပုံသည် လျှောက်လွှာပုံစံပါဓာတ်ပုံနှင့် တူညီရပါမည်။
- နိုတြီပြန်ထားသော ပထမဘွဲ့ ပြီးမြောက်ကြောင်းလက်မှတ် (သို့မဟုတ် ဘွဲ့ရမည့် မျှော်မှန်းရက်စွဲကို ဖော်ပြထားသော တရားဝင်စာရွက်စာတမ်း)။ (ပါရဂူဘွဲ့သင်တန်း လျှောက်ထားသူများသည် နိုတြီပြန်ထားသော ပထမဘွဲ့ ပြီးမြောက်ကြောင်းလက်မှတ်နှင့် နိုတြီပြန်ထားသော မဟာဘွဲ့ ပြီးမြောက်ကြောင်းလက်မှတ် သို့မဟုတ် ဘွဲ့ရမည့် မျှော်မှန်းရက်စွဲကို ဖော်ပြထားသော တရားဝင်စာရွက်စာတမ်းကို တင်သွင်းရပါမည်)။
- ပထမဘွဲ့သင်တန်း နှစ်ဝက်ကာလအားလုံးမှ အမှတ်စာရင်းများ (ပါရဂူဘွဲ့သင်တန်း လျှောက်ထားသူများသည် ပထမဘွဲ့သင်တန်းနှင့် မဟာဘွဲ့သင်တန်း နှစ်ဝက်ကာလအားလုံးမှ အမှတ်စာရင်းများကို တင်သွင်းရပါမည်။)
- မိမိကိုယ်ကို မိတ်ဆက်စာတစ်စောင်နှင့် ကျောင်းတက်မည့်အစီအစဉ် တစ်ခု
- ကိုရီးယားဘာသာကျွမ်းကျင်မှုစာမေးပွဲ (TOPIK) တွင် အနိမ့်ဆုံး အဆင့် 3 ရရှိကြောင်း စိစစ်အတည်ပြုထားသည့် လက်မှတ်
- ယခင်တက်ရောက်ခဲ့သော တက္ကသိုလ်မှ ဥက္ကဌ/အဓိပတိ/မဟာဌာနမှူး/ညွှန်ကြားရေးမှူး သို့မဟုတ် ယခင် ပညာရေးဆိုင်ရာအကြံပေး/ကြီးကြပ်ကွပ်ကဲသူ ပါမောက္ခ၏ ထောက်ခံစာတစ်စောင်
- လူပုဂ္ဂိုလ်အား ထောက်ခံညွှန်းဆိုကြောင်း စာနှင့် ငွေကြေးထောက်ပံ့မှု ဖော်ပြချက် (ထောက်ပံ့မှုရရှိကြောင်း ကျမ်းကျိန်စာ၊ သတ်မှတ်ထားသော ဖောင်ပုံစံ) သို့မဟုတ် ဘဏ်လက်ကျန်ငွေ အထောက်အထားလက်မှတ် (ဘဏ်စာရင်းထဲတွင် အနည်းဆုံး $10,000 USD ကို တစ်လကြာ အပ်နှံထားရပါမည်)
- နိုင်ငံကူးလက်မှတ် မိတ္တူ (နိုတြီပြန်ထားသော မိတ္တူ)။ တရုတ်နိုင်ငံသား လျှောက်ထားသူများအနေဖြင့် မိဘများ၏ မိသားစုစာရင်း မိတ္တူများကိုလည်း တင်သွင်းရပါမည် (မိဘများ၏ မိသားစုစာရင်းကို စိစစ်အတည်ပြုနိုင်ခြင်းမရှိသည့် လျှောက်ထားသူများသည် နိုတြီပြန်ထားသော မိသားစုတွင်း တော်စပ်ပုံ အထောက်အထားလက်မှတ်ကို တင်သွင်းရပါမည်)
- ပညာသင်ဆု ရရှိထားသော လျှောက်ထားသူများအနေဖြင့် ပညာသင်ဆုရရှိကြောင်း အထောက်အထားလက်မှတ်ကို တင်သွင်းရပါမည်။ (ပညာရေးအကြံပေးပုဂ္ဂိုလ်၏ ပညာသင်ဆုကို ရရှိထားသော လျှောက်ထားသူများအနေဖြင့် ပညာသင်ဆုရရှိကြောင်း လက်မှတ်နှင့် ပါမောက္ခ၏ အလုပ်အကိုင် သက်သေအထောက်အထား၊ ဖိတ်ကြားစာတို့ကိုပါ တင်သွင်းရပါမည်)
- လျှောက်ထားသူများအနေဖြင့် ထိုစာရွက်စာတမ်းများအားလုံးနှင့်အတူ ကိုရီးယားဘာသာပြန်ဆိုချက်များကို တင်သွင်းရမည်ဖြစ်ပြီး လျှောက်ထားသူ၏ မူရင်းနိုင်ငံမှ ကိုရီးယားသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးက ထိုဘာသာပြန်ဆိုချက်များသည် မှန်ကန်သောဘာသာပြန်ဆိုချက်များ ဖြစ်သည်ဟု စိစစ်အတည်ပြုပေးထားရပါမည်။
ကိုရီးယားမဟုတ်သော အခြားနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသည့် နိုင်ငံခြားသားများအတွက်
- လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံး၏ ပြည်ပနိုင်ငံသားဖြစ်ကြောင်း သက်သေအထောက်အထား
- ဧည့်နိုင်ငံသား မှတ်ပုံတင်ကတ် မိတ္တူ (ကတ်ရှိသော လျှောက်ထာသူများအတွက်သာလျှင် – ကိုရီးယားနိုင်ငံတွင် နေထိုင်လျက်ရှိသူများ)
- လျှောက်ထားသူ၏ မိသားစုစာရင်း တရားဝင်အသိအမှတ်ပြုမိတ္တူ (ကိုရီးယားမျိုးနွယ် ပြည်ပနိုင်ငံသားဖြစ်သည့် လျှောက်ထားသူများအတွက်သာ)
လေ့လာသင်ယူမှုအားလုံး (အနည်းဆုံး 16 နှစ်ကြာ ပညာသင်ယူမှုသက်တမ်း) ကို နိုင်ငံရပ်ခြားတွင်သာ ပြီးစီးခဲ့သည့် ကိုရီးယားလူမျိုးများနှင့် ပြည်ပနိုင်ငံသားများအတွက်
- မူလတန်းကျောင်း၊ အငယ်တန်း အထက်ဆင့်ကျောင်း၊ အကြီးတန်း အထက်ဆင့်ကျောင်းနှင့် ပထမဘွဲ့သင်တန်းကာလများအတွင်း (နှစ်ဝက်အားလုံးမှ) နိုတြီပြန်ထားသော ဘွဲ့လက်မှတ်များနှင့် အမှတ်စာရင်းများ (ဘွဲ့ရတော့မည့် လျှောက်ထားသူများအတွက် ပထမဘွဲ့လက်မှတ်အစား ဘွဲ့ရမည့် မျှော်မှန်းရက်စွဲကို ဖော်ပြထားသော တရားဝင်စာရွက်စာတမ်းကို တင်သွင်းနိုင်ပါသည်။
- နိုင်ငံခြားတွင် နေထိုင်ကြောင်း သက်သေအထောက်အထား
- လျှောက်ထားသူ၏ မိသားစုစာရင်း တရားဝင်အသိအမှတ်ပြုမိတ္တူ (ကိုရီးယားမဟုတ်သော ပြည်ပနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသည့် နိုင်ငံခြားသားများနှင့် မသက်ဆိုင်ပါ)
Cheongju တက္ကသိုလ်တွင် ကျောင်းတက်ရန် လက်ရှိအပ်နှံထားသော သို့မဟုတ် Cheongju တက္ကသိုလ်ရှိ သင်တန်းတစ်ခုခုမှ ဘွဲ့ရထားသော နိုင်ငံခြားသားများသည် အထက်ပါ "လျှောက်ထားသူအားလုံးအတွက်" အောက်တွင် ဖော်ပြထားသည့် စာရွက်စာတမ်း 1 မှ 6 အထိကိုသာ တင်သွင်းရန်လိုအပ်ပါသည်။
ကိုရီးယားမဟုတ်သော ဘာသာစကားတစ်ခုခုဖြင့် ရေးသားထားသော စာရွက်စာတမ်းအားလုံးကို နိုတြီပြန်ထားသည့် ကိုရီးယားဘာသာ ပြန်ဆိုချက်များနှင့်အတူ တင်သွင်းရပါမည်၊ သို့သော် Cheongju တက္ကသိုလ် နိုင်ငံတကာရေးရာရုံး သို့မဟုတ် Cheongju တက္ကသိုလ်နှင့် ညီအစ်မဆက်ဆံရေးရှိသည့် ပညာရေး ကျောင်းအဖွဲ့အစည်း (Cheongju တက္ကသိုလ်နှင့် သဘောတူညီချက်ရယူထားသော သင်တန်းကျောင်း) တစ်ခု၏ ထောက်ခံချက်ရရှိထားသည့် လျှောက်ထားသူများသည် မိမိတို့စာရွက်စာတမ်းများ၏ ဘာသာပြန်ဆိုချက်ကို တင်သွင်းရန် လိုချင်မှလိုပါမည်။
လျှောက်လွှာကြေး- ဝမ် 50,000