Only Student, Only Education

Open the Future, Go to the World

  • HOME
  • ကျောင်းဝင်ခွင့်
  • ဘွဲ့လွန်ကျောင်း
  • လျှောက်ထားမှု

လျှောက်ထားမှု

မည်သူတို့ လျှောက်ထားရန် အကျုံးဝင်သနည်း။

ဘွဲ့လွန်ကျောင်းလျှောက်ထားသူအားလုံးအနေဖြင့်

ကိုရီးယားမဟုတ်သော အခြားနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသည့် နိုင်ငံခြားသားများ သို့မဟုတ် မူလတန်းမှ ဘွဲ့ကြိုအဆင့်အထိ ကျောင်းသားဘဝတစ်လျှောက်လုံးကို ကိုရီးယားနိုင်ငံမှ အစီအစဉ်များနှင့် အဆင့်တူသော နိုင်ငံရပ်ခြားမှ သင်တန်းအစီအစဉ်များ၌ တက်ရောက်ပြီးစီးခဲ့သည့် ကိုရီးယားနိုင်ငံသားနှင့် နိုင်ငံခြားသားများ ဖြစ်ရပါမည်

မဟာဘွဲ့သင်တန်း လျှောက်ထားသူအားလုံးအနေဖြင့်

  • ကိုရီးယားနိုင်ငံတွင်ဖြစ်စေ အခြားနိုင်ငံတွင်ဖြစ်စေ ဘွဲ့ကြို (ပထမဘွဲ့) 4 နှစ်သင်တန်းကို တက်ရောက်ပြီးစီးထားသူ (သို့မဟုတ် ပြီးစီးတော့မည့်သူ) ဖြစ်ရပါမည်။
  • ဥပဒေသတ်မှတ်ချက်အရ ပထမဘွဲ့အဆင့်နှင့် တန်းတူသည့် ပညာအရည်အချင်းကို ပိုင်ဆိုင်ထားရပါမည်။
  • ကိုရီးယားဘာသာကျွမ်းကျင်မှုစာမေးပွဲ (TOPIK) တွင် အဆင့် 3 နှင့်အထက် ရရှိထားရပါမည်။

ပါရဂူဘွဲ့သင်တန်း လျှောက်ထားသူအားလုံးအနေဖြင့်

  • ကိုရီးယားနိုင်ငံတွင်ဖြစ်စေ အခြားနိုင်ငံတွင်ဖြစ်စေ တရားဝင်ခွင့်ပြုချက်ရ ကျောင်းအဖွဲ့အစည်းတစ်ခုတွင် မဟာဘွဲ့သင်တန်းကို တက်ရောက်ပြီးစီးထားသူ (သို့မဟုတ် ပြီးစီးတော့မည့်သူ) ဖြစ်ရပါမည်။
  • ဥပဒေသတ်မှတ်ချက်အရ မဟာဘွဲ့အဆင့်နှင့် တန်းတူသည့် ပညာအရည်အချင်းကို ပိုင်ဆိုင်ထားရပါမည်။
  • ကိုရီးယားဘာသာကျွမ်းကျင်မှုစာမေးပွဲ (TOPIK) တွင် အဆင့် 3 နှင့်အထက် ရရှိထားရပါမည်။