- HOME
- ကျောင်းဝင်ခွင့်
- ကောလိပ်
- အခြားကျောင်းဝင်ခွင့်အမျိုးအစားများ
အခြားကျောင်းဝင်ခွင့်အမျိုးအစားများ
ကိုရီးယားအစိုးရ ပညာသင်ဆုအစီအစဉ်
ကိုရီးယားနိုင်ငံရှိ အဆင့်မြင့်ပညာရေး ကျောင်းအဖွဲ့အစည်းများတွင် တက်ရောက်ပညာသင်ယူရန် နိုင်ငံတကာကျောင်းသားများအား ဖိတ်ကြားခြင်းဖြင့် နိုင်ငံတကာ ပညာရေးနှီးနှောဖလှယ်မှုနှင့် နိုင်ငံတကာ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်အားပေးရန် ရည်ရွယ်ထားသည့် ပညာသင်ဆုအစီအစဉ်။
KGSP-U အစီအစဉ် (ဘွဲ့ကြို)
- လိုအပ်ချက်- ထောက်ခံချက်ရ နိုင်ငံများထဲမှ တစ်နိုင်ငံ၏ နိုင်ငံသားဖြစ်ပြီး ကျောင်းတက်ရောက်စဉ် ကာလတစ်လျှောက်လုံး GPA 100 တွင် 80 ကျော် ရရှိထားသည့်၊ မှတ်တမ်းကောင်းမွန်သည့် အထက်တန်းကျောင်းပြီးထားသော ကျောင်းသားတစ်ဦး ဖြစ်ရမည်။
- ကျောင်းလျှောက်ထားခွင့် ကာလ- နှစ်စဉ် စက်တင်ဘာ~အောက်တိုဘာလ (ကိုရီးယားသံရုံး၏ ထောက်ခံချက်)
- ပညာသင်ဆုကာလ- 5 နှစ် [ကိုရီးယားဘာသာစကား (1 နှစ်) + ဘွဲ့ကြိုသင်တန်း (4 နှစ်)] / ကိုရီးယားဘာသာစကား အလွန်ကျွမ်းကျင်သူများအတွက် ပိုမိုမြန်ဆန်သည်။
- ပညာသင်ဆုဆိုင်ရာ အသေးစိတ်အချက်များ- အသွားအပြန် လေယာဉ်ခ၊ လစဉ် ထောက်ပံ့ကြေး၊ ကိုရီးယားဘာသာစကားသင်တန်းကြေး၊ ကျူရှင်ခ၊ ဆေးဘက်ဆိုင်ရာ အာမခံကြေး စသည်ဖြင့်။
ဘွဲ့လွန်ကျောင်းတက်ရောက်သူ ကျောင်းသားများအတွက် KGSP
- လိုအပ်ချက်- ထောက်ခံချက်ရ နိုင်ငံများထဲမှ တစ်နိုင်ငံ၏ နိုင်ငံသားဖြစ်ပြီး ကျောင်းတက်ရောက်စဉ် ကာလတစ်လျှောက်လုံး GPA 100 တွင် 80 ကျော် ရရှိထားသည့်၊ မှတ်တမ်းကောင်းမွန်သည့် ဘွဲ့ကြို သို့မဟုတ် မဟာဘွဲ့သင်တန်း ကျောင်းသားတစ်ဦး ဖြစ်ရမည်။
- ကျောင်းလျှောက်ထားခွင့် ကာလ- နှစ်စဉ် ဇန်နဝါရီ~မတ်လ (ကိုရီးယားသံရုံးနှင့် တက္ကသိုလ်၏ ထောက်ခံချက်)
- ပညာသင်ဆုကာလ- 3~4 နှစ် [ကိုရီးယားဘာသာစကား (1 နှစ်) + မဟာဘွဲ့/ပါရဂူဘွဲ့သင်တန်း (2~ 3 နှစ်)] / ကိုရီးယားဘာသာစကား အလွန်ကျွမ်းကျင်သူများအတွက် ပိုမိုမြန်ဆန်သည်။
- ပညာသင်ဆုဆိုင်ရာ အသေးစိတ်အချက်များ- အသွားအပြန် လေယာဉ်ခ၊ လစဉ် ထောက်ပံ့ကြေး၊ ကိုရီးယားဘာသာစကားသင်တန်းကြေး၊ ကျူရှင်ခ၊ ဆေးဘက်ဆိုင်ရာ အာမခံကြေး စသည်ဖြင့်။ ※ နောက်ထပ်အချက်အလက်များအတွက် Sojung Bae(esjay@cju.ac.kr/cju.intl@gmail.com) သို့ ဆက်သွယ်ပေးပါ။
ကျောင်းသားချင်းဖလှယ်ခြင်း
TaLK(ကိုရီးယားနိုင်ငံတွင် သင်ကြားသင်ယူရေး) အစီအစဉ်
- လိုအပ်ချက်- အင်္ဂလိပ်ဘာသာစကားကို ဦးစားပေးဘာသာအဖြစ် အသုံးပြုသော နိုင်ငံတစ်နိုင်ငံရှိ မိတ်ဖက် ကျောင်းအဖွဲ့အစည်းတစ်ခုမှ ဖြစ်ပြီး အင်္ဂလိပ်ဘာသာကို မိခင်ဘာသာစကားအဖြစ်လည်း ပြောဆိုသည့် ကျောင်းသားချင်းဖလှယ်ထားသော အငယ်တန်းကျောင်းသားတစ်ဦး ဖြစ်ရမည်။
- အသေးစိတ်အချက်များ-
- ① ကိုရီးယားအစိုးရ၏ ဖိတ်ကြားမှုဖြင့် နိုင်ငံရပ်ခြား အင်္ဂလိပ်ဘာသာစကား စေတနာ့ဝန်ထမ်း ပညာသင်ဆုရရှိသူ ကျောင်းသားတစ်ဦးအဖြစ် ကျောင်းသားချင်းဖလှယ်သည့် အစီအစဉ်ဖြင့် CJU တွင် တက်ရောက်ရမည်။
- ② ကျောင်းချိန်ပြီးနောက် မူလတန်းကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်ဘာသာစကားကို စေတနာ့ဝန်ထမ်းအဖြစ် တစ်ပတ်လျှင် 9 နာရီကြာ သင်ကြားပေးရမည်။
- ကာလ- 6 လ / 1 နှစ်
- လျှောက်ထားနိုင်သည့် အချိန်- ဧပြီနှင့် အောက်တိုဘာလ
- ပညာသင်ဆုဆိုင်ရာ အသေးစိတ်အချက်များ- လစဉ် ထောက်ပံ့ကြေး၊ အသွားအပြန် လေယာဉ်ခ၊ တည်းခိုခများ၊ ဆေးဘက်ဆိုင်ရာ အာမခံ စသည်ဖြင့်။
ညာရည်ထူးချွန်သူ ကျောင်းသားအချင်းချင်း ဖလှယ်သည့် GKS ပညာသင်ဆု
- လိုအပ်ချက်- ကိုရီးယားဘာသာစကားဖြင့် ဘွဲ့ကြိုသင်တန်းများ တက်ရောက်နိုင်သူ၊ မိတ်ဖက် ကျောင်းအဖွဲ့အစည်းတစ်ခုမှ အငယ်တန်းကျောင်းသားတစ်ဦး ဖြစ်ရမည်။
- အသေးစိတ်အချက်များ- ကိုရီးယားအစိုးရ၏ ဖိတ်ကြားမှုဖြင့် CJU တွင် ကျောင်းသားချင်းဖလှယ်ထားသည့် ကျောင်းသားတစ်ဦးအဖြစ် တက်ရောက်ရမည်။
- ကာလ- 6 လ / 1 နှစ်
- ကျောင်းလျှောက်ထားခွင့် ကာလ- ဒီဇင်ဘာ~ဇန်နဝါရီလ (လျှောက်ထားသည့်နှစ်၏ ဆောင်းဦးရာသီ နှစ်ဝက်ကာလတွင် တက်ရောက်ရန် အစီအစဉ်ရှိသော လျှောက်ထားသူများသည် ဤကာလအတွင်း လျှောက်သင့်ပြီး ထို့ထက် မကျော်လွန်သင့်ပါ။)
- ပညာသင်ဆုဆိုင်ရာ အသေးစိတ်အချက်များ- လစဉ် ထောက်ပံ့ကြေး၊ အသွားအပြန် လေယာဉ်ခ၊ တည်းခိုခများ၊ ဆေးဘက်ဆိုင်ရာ အာမခံ စသည်ဖြင့်။