Only Student, Only Education

Open the Future, Go to the World

  • HOME
  • CJU အကြောင်း
  • ဆောင်ပုဒ်

ဆောင်ပုဒ်

သင်္ကေတများ

သင်္ကေတများ 1 သင်္ကေတများ 2

တက္ကသိုလ်၏ သင်္ကေတသည် ပညာရေးအခြေခံအုတ်မြစ်နှင့် လူသားမျိုးနွယ်အတွက် ပညာရေးဆိုင်ရာ လမ်းညွှန်ချက်ငါးရပ်ကို ကိုယ်စားပြုသော တရုတ်အက္ခရာ ‘大' နှင့် အနာဂတ်ခေါင်းဆောင်များဖြစ်သော ကျောင်းသားများကို ကိုယ်စားပြုသည့် ပဥ္စဂံပုံတို့ဖြင့် ဖွဲ့စည်းထားပါသည်။

“သင်္ကေတ၏ ပုံစံမှာ စတင်တည်ထောင်ခဲ့သူ ညီအစ်ကိုနှစ်ဦးအနေဖြင့် လူသားတို့၏ လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနှင့် ပရဟိတလုပ်ငန်းအတွက် ကာကွယ်ရပ်တည်ရန် ပြောဆိုဆွေးနွေးနေသည့် သဏ္ဍာန်ဖြစ်ပြီး အမှန်တရားကို ရှာဖွေခြင်းအား ရည်ညွှန်းသည့် ဖောင်တိန်ပုံသဏ္ဍာန်နှင့် Cheongju တက္ကသိုလ်ကို ကိုယ်စားပြုသည့် အင်္ဂလိပ်အက္ခရာ C နှင့် U လည်း ပါဝင်ပါသည်။”

သင်္ကေတသည် ဒီဇိုင်းအမျိုးမျိုး၊ အဓိကအားဖြင့် အရောင်အပြည့်ခြယ်ထားသော ဒီဇိုင်းများအား အသုံးပြုခြင်း၏ စီးပွားရေးဆိုင်ရာ သက်ရောက်မှုကို ထည့်သွင်းစဉ်းစားလျက် ရှေ့၊ နောက်၊ ဘယ်၊ ညာ လေးဘက် ခေါက်ချိုးညီ ပဥ္စဂံပုံတစ်ပုံအဖြစ် ပုံဖော်ဖန်တီးထားခြင်း ဖြစ်ပါသည်။

အမှတ်တံဆိပ်များ

တိရစ္ဆာန် - ကျွဲရိုင်း

တိရစ္ဆာန် - ကျွဲရိုင်း

တိရစ္ဆာန်အမှတ်တံဆိပ်ဖြစ်သော ကျွဲရိုင်းသည် ငြိမ်းချမ်းမှု၊ ဇွဲကောင်းမှုနှင့် နာခံတတ်မှုတို့ကို ကိုယ်စားပြုပါသည်။ ကျွဲရိုင်းများသည် လူသားများနှင့် အလွန်နီးစပ်ပြီး လယ်သမားတို့၏ ဘိုးဘေးများဖြစ်သည်ဟုပင် ဆိုကြပါသည်။ ယေဘုယျအားဖြင့် ကျွဲရိုင်းသည် လုံလဝီရိယ၊ တိတ်ဆိတ်ခြင်းနှင့် စေတနာ့ဝန်ထမ်း စိတ်ဓာတ်တို့ကို ကိုယ်စားပြုပါသည်။ အတိအကျဆိုရလျှင် ကျွဲရိုင်းသည် ခွန်အားကြီးမားပြီး ရိုးရှင်းသည့် သတ္တဝါတစ်ကောင်ဖြစ်ကာ ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လကို ပိုင်ဆိုင်ထားသည့် လူသားနှင့် တင်စားလေ့ရှိပါသည်။ Wooamsan တောင် (Wawoosan တောင်) မှာ တက္ကသိုလ်တည်ရှိရာ နေရာဖြစ်ပြီး ကျွဲရိုင်းဖြင့် ကိုယ်စားပြုထားကာ ၎င်း၏ မြေသားပုံသဏ္ဍာန်သည် ကျွဲရိုင်းတစ်ကောင်၏ ဝမ်းဗိုက်ပုံစံအတိုင်း ဖွဲ့စည်းထားသည်ဟုလည်း အဆိုရှိပါသည်။ တက္ကသိုလ်သည် ကျွဲရိုင်းနှင့် ခွဲခြားမရအောင် တစ်သားတည်းဖြစ်နေပါသည်။ သင်္ကေတသည် ဒီဇိုင်းအမျိုးမျိုး၊ အဓိကအားဖြင့် အရောင်အပြည့်ခြယ်ထားသော ဒီဇိုင်းများအား အသုံးပြုခြင်း၏ စီးပွားရေးဆိုင်ရာ သက်ရောက်မှုကို ထည့်သွင်းစဉ်းစားလျက် ရှေ့၊ နောက်၊ ဘယ်၊ ညာ လေးဘက် ခေါက်ချိုးညီ ပဥ္စဂံပုံတစ်ပုံအဖြစ် ပုံဖော်ဖန်တီးထားခြင်း ဖြစ်ပါသည်။

ပန်း - Forsythia

ပန်း - Forsythia

Forsythia ပန်းသည် ကိုရီးယားနိုင်ငံ၏ မျိုးရင်း ပန်းတစ်မျိုးဖြစ်ပါသည်။ သစ်ရွက်များ ထွက်မလာမီ ၎င်း၏ အဝါရောင်ပန်းပွင့်များသည် နွေဦးရာသီကာလတွင် ပွင့်ဖူးကြပါသည်။ ၎င်းသည် နွေဦးရာသီကို ကိုယ်စားပြုပါသည်။ ၎င်းတို့သည် မည်သည့်အခြေအနေ၊ မည်သည့်နေရာတွင်မဆို လိုက်လျောညီထွေ ပေါက်ရောက်ပွင့်ဖူးနိုင်ကြသလို ခံနိုင်ရည်စွမ်းလည်း မြင့်မားပါသည်။ အပွင့်များပွင့်လာသောအခါတွင် အလွန်ထူးခြားလှပသော အဝါရောင်ရှုခင်းကို ဖြစ်ပေါ်စေပါသည်။ ဤပန်းပင်များ စုပေါင်းနေသည့် ပန်းဥယျာဉ်သည် ရိုကျိုးနှိမ့်ချမှုနှင့် စေတနာ့ဝန်ထမ်းစိတ်ဓာတ်ကို ဖော်ညွှန်းနေပါသည်။ ‌ကျောင်းဝင်းကို တည်ဆောက်နေစဉ်က Forsythia ပန်းပင်များကို အစုလိုက် စိုက်ပျိုးခဲ့ပါသည်။

သစ်ပင် - ထင်းရှူးပင်

သစ်ပင် - ထင်းရှူးပင်

ကျွန်ုပ်တို့၏ နိုင်ငံတော်သီချင်းတွင် ပြသထားသည့်အတိုင်း ထင်းရှူးပင်သည် ကျွန်ုပ်တို့နိုင်ငံ၏ စိတ်ဓာတ်ကို ဖော်ညွှန်းနေပါသည်။ ဆောင်းရာသီတွင် သစ်ပင်အများစုသည် သစ်ရွက်များကြွေပြီး ‌သေးငယ်နေကြသော်လည်း ထင်းရှူးပင်မှာမူ ပြင်းထန်သော ဆောင်းဥတု (အပင်လဲစေလောက်သော လေ၊ နှင်းခဲနှင့် ဆီးနှင်းများ) အတွင်း၌ပင် မပြောင်းမလဲ ဆက်လက်ရပ်တည်နေနိုင်ပါသည်။ ၎င်းသည် အမျိုးသားစိတ်ဓာတ်နှင့် ဂုဏ်သိက္ခာ၏ သင်္ကေတပင်ဖြစ်ပါသည်။ နှစ် 50 ပြည့် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျောင်းဝင်းဟောင်းထဲတွင် ထင်းရှူးပင်တောအုပ်တစ်အုပ်ကို စိုက်ပျိုးခဲ့ပါသည်။ ကျောင်းဝင်းအတွင်း နေရာအနှံ့တွေ့နိုင်သော ထင်းရှူးပင်အုပ်များသည် ကျွန်ုပ်တို့ကျောင်းသားများ၏ မမှိတ်မသုံ ကြံ့ခိုင်သောစိတ်ဓာတ်ကို မြှင့်တင်ပေးနေပါသည်။