Only Student, Only Education

Open the Future, Go to the World

  • HOME
  • CJU အကြောင်း
  • တည်ထောင်ခဲ့ပုံ

တည်ထောင်ခဲ့ပုံ

Kim Won-keun(1886~1965) နှင့်
Kim Young-keun(1888~1976) တို့ ညီအစ်ကိုနှစ်ဦးက
တက္ကသိုလ်ကို စတင်တည်ထောင်ခဲ့ပါသည်။
ရှေ့ပြေးအဖွဲ့အစည်းမှာ 1924 တွင် စတင်တည်ထောင်ခဲ့သော
Cheongseok Academic Foundation ဖြစ်ပါသည်။

တည်ထောင်သူများ

Kim Won-keun(1886~1965) နှင့် Kim Young-keun(1888~1976) တို့ ညီအစ်ကိုနှစ်ဦးက တက္ကသိုလ်ကို စတင်တည်ထောင်ခဲ့ပါသည်။

စတင်တည်ထောင်သူ ညီအစ်ကိုနှစ်ဦးသည် အမျိုးမျိုးသော အခက်အခဲများကို ကြုံတွေ့ဖြတ်သန်းခဲ့ရပြီး သွေး၊ ချွေး၊ မျက်ရည်များကို စတေးလျက် စည်းစိမ်ဥစ္စာအမြောက်အများကို ရရှိပိုင်ဆိုင်ခဲ့ကြပါသည်။ ၎င်းတို့သည် လူငယ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ရာတွင် မိမိတို့၏ စည်းစိမ်ဥစ္စာကို ပုံအောသုံးစွဲခဲ့ပါသည်။ စစ်မှန်သော ပညာရေးဆိုင်ရာ ရှေ့ဆောင်လမ်းပြသူများပင် ဖြစ်ကြပါသည်။

ညီအစ်ကိုနှစ်ဦးသည် ဂျပန်နိုင်ငံလက်အောက်မှ လွတ်လပ်ရေးရရှိရန်အတွက် ကိုရီးယားနိုင်ငံအနေဖြင့် ခွန်အားတစ်ရပ်ကို လိုအပ်ကြောင်းနှင့် ပညာရေးသည် ကိုရီးယားပြည်သူများအား အဆိုပါခွန်အားကို ပေးစွမ်းနိုင်သည့် နည်းလမ်းဖြစ်ကြောင်း ခိုင်မြဲစွာယုံကြည်လျက် ပညာရေးလမ်းကြောင်းကို ဦးဆောင်ခဲ့ကြပါသည်။

ပညာရေးနှင့်ပတ်သက်၍ ၎င်းတို့၏ အားကောင်းခိုင်မာသော ယုံကြည်ချက်များသည် 1945 ခုနှစ်တွင် ကိုရီးယားနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တက္ကသိုလ်ကို တည်ထောင်နိုင်ခဲ့ခြင်းဆီသို့ ဦးတည်စေနိုင်ခဲ့ပါသည်။ ယနေ့အချိန်တွင် Chungsuk Academic Foundation မှ/တစ်ဆင့်/အခြေခံ၍ တည်ထောင်ခဲ့သော မူလတန်းမှ တက္ကသိုလ်အဆင့်အထိ ကျောင်းနှင့် တက္ကသိုလ်ပေါင်း 7 ခု ရှိနေပါသည်။

အဆိုပါ အခြေခံဒဿနကို စွဲမှတ်လျက် Cheongju တက္ကသိုလ်သည် အမျိုးသားယဉ်ကျေးမှု ထူထောင်ရေးအတွက် အကျိုးပြုရန်၊ လူသားချင်းစာနာထောက်ထားမှုကို အားပေးမြှင့်တင်ရန်နှင့် လူသားတို့၏ ကြွယ်ဝပြည့်စုံမှုကို အထောက်အကူပြုရန် မျိုးချစ်စိတ်ဓာတ်၊ လုံ့လဝီရိယ၊ မိမိကိုယ်ကို အားကိုးခြင်း၊ စေတနာ့ဝန်ထမ်းစိတ်ဓာတ်နှင့် ဥပဒေနှင့်အညီ နေထိုင်ခြင်းတို့ကဲ့သို့သော ပညာရေးဆိုင်ရာ မူဝါဒများအား ထိန်းသိမ်းဖို့ အလေးအနက် ကတိကဝတ်ပြုထားပါသည်။