Only Student, Only Education

Open the Future, Go to the World

  • HOME
  • CJU အကြောင်း
  • စိတ်ဓာတ်

စိတ်ဓာတ်

ပညာရေးဆိုင်ရာ ဒဿန

ဂုဏ်သိက္ခာအမြင့်မားဆုံး တက္ကသိုလ်

ကိုရီးယားနိုင်ငံ အလယ်ပိုင်းဒေသတွင် ကျွန်ုပ်တို့ကျောင်းသားများ၏ တောက်ပသောအနာဂတ် မျှော်မှန်းချက်အကြောင်း ပြောလိုပါသည်။ (ထပ်ကျော့)"လက်တွေ့ကျသော လေ့လာသင်ယူမှုအပေါ် အခြေခံလျက် ယဉ်ကျေးမှုအဆင့်အတန်းမြင့်သော ကမ္ဘာလောကတစ်ခုကို ဖန်တီးကြပါစို့"လက်တွေ့ကျသော သင်ယူမှုဖြင့် ခေတ်သစ်တစ်ခုကို ထူထောင်ကြပါမည်

"လက်တွေ့ကျသော လေ့လာသင်ယူမှုအပေါ် အခြေခံလျက် ယဉ်ကျေးမှုအဆင့်အတန်းမြင့်သော ကမ္ဘာလောကတစ်ခုကို ဖန်တီးကြပါစို့" ဟူသည့် တက္ကသိုလ်၏ စံပြ လမ်းညွှန်ချက်အပေါ် အခြေခံလျက် အမှန်တရားကို ရှာဖွေဖော်ထုတ်ရန်နှင့် ကောင်းမြတ်ခြင်းတရားများကို အားပေးမြှင့်တင်ရန် ရည်မှန်းချက်ချမှတ်ထားပါသည်။ အများပြည်သူအတွက် တာဝန်ထမ်းဆောင်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်သော ပြည်သူများဖြစ်ခြင်းနှင့် လက်တွေ့ဘဝတွင် စေတနာ့ဝန်ထမ်းများဖြစ်ခြင်းတို့ကို လုပ်ဆောင်နိုင်သည့် နည်းလမ်းသစ်များဖြင့် စူးစမ်းရှာဖွေမှု စိတ်ဓာတ်ကို မြှင့်တင်နိုင်ရန်လည်း ရည်မှန်းထားပါသည်။

ပညာရေးရည်မှန်းချက်များ

အမှန်တရားကို ရှာဖွေပါ (နည်းလမ်းသစ်များဖြင့် စူးစမ်းရှာဖွေမှု စိတ်ဓာတ်)

ကျယ်ပြန့်စုံလင်သော ယဉ်ကျေးမှုနောက်ခံဓလေ့များကို အားပေးမြှင့်တင်ခြင်း- ကျယ်ပြန့်စုံလင်သော ယဉ်ကျေးမှုနောက်ခံဓလေ့များအား အခြေခံလျက် အခြင်းအရာများနှင့် ဖြစ်စဉ်ဖြစ်ရပ်များကို အမျိုးမျိုးသော ရှုထောင့်များမှ ရှုမြင်ခြင်း။ ပရော်ဖက်ရှင်နယ် အသိပညာကို တိုးမြှင့်ခြင်း ကျောင်းသားတစ်ဦး၏ အထူးပြုမေဂျာတွင် အခြေခံကျသော သဘောတရားများနှင့် လက်တွေ့ကျင့်သုံးမှု နည်းလမ်းများအကြောင်းကို နားလည်ပြီး အခြားသော လေ့လာသင်ယူမှုနယ်ပယ်များနှင့် ချိတ်ဆက်ပုံကို စူးစမ်းဖော်ထုတ်နိုင်ခြင်း။ တီထွင်ဖန်တီးမှုရှိရှိ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းကို အားပေးမြှင့်တင်ခြင်း- ရှုပ်ထွေးသည့်ပြဿနာများကို ဖြေရှင်းရန်နှင့် သတင်းအချက်အလက်အခြေပြု ဂလိုဘယ်လိုက်ဇေးရှင်း လူမှုပတ်ဝန်းကျင်နှင့် ပိုမိုလိုက်လျောညီထွေ ရပ်တည်နိုင်ရန် အသိပညာနှင့် သတင်းအချက်အလက်များကို တီထွင်ဖန်တီးမှုရှိရှိ လက်တွေ့အသုံးချခြင်း။

ကောင်းခြင်းတရားကို အားပေးမြှင့်တင်ပါ (ကိုယ်ကျင့်တရားကောင်းမွန်သော ပြည်သူ)

ကိုယ်ကျင့်တရား‌ကောင်းမွန်သည့် ဝိသေသကို ဖန်တီးခြင်း- လူ့ဂုဏ်သိက္ခာနှင့် တန်းတူညီမျှရေးကို လေးစားသမှုရှိပြီး ဝေဖန်ပိုင်းခြားတတ်သော အသိစိတ်နှင့် သမာသမတ်ရှိသော ယုံကြည်မှုအပေါ် အခြေခံထားသည့် ကိုယ်ကျင့်တရား ထိန်းကျောင်းမှု စနစ်တစ်ရပ်ကို ထူထောင်ခြင်း။ ယဉ်ကျေးမှုဆိုင်ရာ အသိပညာကို မြှင့်တင်ခြင်း- ကွဲပြားစုံလင်သော ယဉ်ကျေးမှုဓလေ့များကို လက်ခံနားလည်နိုင်ရန် အသိပညာကို စုဆောင်းပြီး အခြင်းအရာနှင့် ဖြစ်စဉ်ဖြစ်ရပ်များ၏ အလှတရားကို မြင်နိုင်စွမ်းရှိခြင်း။ ဒီမိုကရေစီ နိုင်ငံသားတစ်ဦး ပီသသော စိတ်နေစိတ်ထားကို အားပေးမြှင့်တင်ခြင်း- တရားဥပဒေနှင့် ဥပဒေစိုးမိုးရေးကို လေးစားလိုက်နာခြင်း၊ အခြားသူများ၏ ထင်မြင်ယူဆချက်ကို လေးစားခြင်းနှင့် ပူးပေါင်းဆောင်ရွက်တတ်သော၊ တာဝန်ယူတတ်သော စိတ်ဓာတ်ကို ပိုင်ဆိုင်ခြင်း။

အများပြည်သူအတွက် တာဝန်ထမ်းဆောင်ခြင်း (လက်တွေ့ဘဝ စေတနာ့ဝန်ထမ်းများ)

ကိုယ်ကျင့်တရား‌ကောင်းမွန်သည့် ဝိသေသကို ဖန်တီးခြင်း- လူ့ဂုဏ်သိက္ခာနှင့် တန်းတူညီမျှရေးကို လေးစားသမှုရှိပြီး ဝေဖန်ပိုင်းခြားတတ်သော အသိစိတ်နှင့် သမာသမတ်ရှိသော ယုံကြည်မှုအပေါ် အခြေခံထားသည့် ကိုယ်ကျင့်တရား ထိန်းကျောင်းမှု စနစ်တစ်ရပ်ကို ထူထောင်ခြင်း။ ယဉ်ကျေးမှုဆိုင်ရာ အသိပညာကို မြှင့်တင်ခြင်း- ကွဲပြားစုံလင်သော ယဉ်ကျေးမှုဓလေ့များကို လက်ခံနားလည်နိုင်ရန် အသိပညာကို စုဆောင်းပြီး အခြင်းအရာနှင့် ဖြစ်စဉ်ဖြစ်ရပ်များ၏ အလှတရားကို မြင်နိုင်စွမ်းရှိခြင်း။ ဒီမိုကရေစီ နိုင်ငံသားတစ်ဦး ပီသသော စိတ်နေစိတ်ထားကို အားပေးမြှင့်တင်ခြင်း- တရားဥပဒေနှင့် ဥပဒေစိုးမိုးရေးကို လေးစားလိုက်နာခြင်း၊ အခြားသူများ၏ ထင်မြင်ယူဆချက်ကို လေးစားခြင်းနှင့် ပူးပေါင်းဆောင်ရွက်တတ်သော၊ တာဝန်ယူတတ်သော စိတ်ဓာတ်ကို ပိုင်ဆိုင်ခြင်း။

ကျောင်း၏ဆောင်ပုဒ်အကြောင်း ရှင်းလင်းဖော်ပြချက်

အဆိုပါအကောင်းဆုံးစံနှုန်းများကို ရရှိပိုင်ဆိုင်နိုင်စေရန် တက္ကသိုလ်၏ ဆောင်ပုဒ်သည် တည်ထောင်သူများ၏ စိတ်ဓာတ်ရေးရာ အမွေအနှစ်ကို လက်ဆင့်ကမ်းသယ်ဆောင်လာပါသည်၊ ၎င်းမှာ-"အမှန်တရားကို ရှာဖွေပါ၊ ကောင်းခြင်းတရားကို အားပေးမြှင့်တင်ပါ၊ အများပြည်သူအတွက် တာဝန်ထမ်းဆောင်ပါ။"

အမှန်တရားကို ရှာဖွေပါ

တက္ကသိုလ်ကို တည်ထောင်ခဲ့သည့် ညီအစ်ကိုနှစ်ဦး (ကွယ်လွန်သွားပြီးဖြစ်သော Kim Won-keun နှင့် Kim Young-keun) သည် ကိုရီးယားနိုင်ငံတွင် ပညာသင်ကြားပေးသူများအဖြစ် ကြီးမားစွာအကျိုးပြုခဲ့ကြသော ကိုယ့်ထူးကိုယ်ချွန် ကြိုးစားခဲ့သူများ ဖြစ်ပါသည်။ ဂျပန်ကိုလိုနီခေတ်ကာလအတွင်း အခက်အခဲများကြောင့် ထိုညီအစ်ကိုနှစ်ဦးသည် ကျောင်းပညာရေးကို သင်ယူခဲ့ရခြင်းမရှိသော်ငြား မိမိဘဝတွင် အခက်အခဲပေါင်းမြောက်များစွာကို ရင်ဆိုင်ရင်း တိုင်းပြည်၏ အကျပ်အတည်းကို တွေ့မြင်နေရချိန်တွင် ကိုရီးယားနိုင်ငံ၏ အရေးပါပုံကိုလည်း နားလည်ခဲ့ကြပါသည်၊ ထို့နောက် စီးပွားရေးလုပ်ငန်းများမှ စုဆောင်းရရှိခဲ့သော ၎င်းတို့၏ ပိုင်ဆိုင်မှုအားလုံးကို တက္ကသိုလ်တည်ထောင်ရေးအတွက် ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ကျွန်ုပ်တို့၏တိုင်းပြည်ကို ပညာဖြင့် ကူညီကာကွယ်ပေးရန် စိတ်ပိုင်းဖြတ်မှု တွန်းအားဖြင့် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ တက္ကသိုလ်သည် တည်ထောင်သူများ၏ စိတ်ဓာတ်ပိုင်းကို ထင်ဟပ်နေသည့် ဆောင်ပုဒ်တစ်ခုကို ချမှတ်ထားပါသည်- အမှန်တရားကို ရှာဖွေပါ။

ကောင်းခြင်းတရားကို အားပေးမြှင့်တင်ပါ

ခေတ်သစ်လူ့ဘောင်တွင် ရုပ်ဝါဒကြီးစိုးမှု၏ အကျိုးဆက်အဖြစ် ကောင်းမြတ်ခြင်းနှင့် ဖြောင့်မတ်တည်ကြည်ခြင်းများ ဖြည်းဖြည်းချင်း လျော့နည်းကျဆင်းလာသည်ကို တွေ့မြင်နိုင်ပါသည်။ အမှန်တရားကို ကြိုးစားရှာဖွေသည့် ထိပ်တန်းပညာတတ်တစ်ဦး ဖြစ်လာစေရန် ကောင်းမြတ်ခြင်းတရားကိုလည်း ပိုင်ဆိုင်ထားရပါမည်။ ကောင်းခြင်းတရားကို အားပေးမြှင့်တင်ပါ ဟူသည့် ဆောင်ပုဒ်သည် ဤတက္ကသိုလ်၏ တည်ထောင်သူများ ပြသခဲ့သည့် နှိမ့်ချသော ပေးဆပ်ခြင်းနှင့် ခွင့်လွှတ်နားလည်ခြင်း သဘောထား၊ ချစ်ခြင်းမေတ္တာတို့ကို လက်ဆင့်ကမ်း အမွေဆက်ခံခြင်းမှတစ်ဆင့် ချမှတ်ထားခြင်း ဖြစ်ပါသည်။

အများပြည်သူအတွက် တာဝန်ထမ်းဆောင်ခြင်း

တည်ထောင်သူများသည် ဘဝတွင် အခက်အခဲအမျိုးမျိုးကို ကြုံတွေ့ခဲ့ရသောကြောင့် ဘဝ၏ အဓိပ္ပာယ်ကို သိရှိနားလည်ကြပြီး စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဆင့်မီအောင် စံနမူနာပြ နေထိုင်နိုင်သူများ ဖြစ်လာခဲ့ကြပါသည်။ ပညာရေးတံခါးပေါက်များကို ဖွင့်ပေးခြင်း၊ လိုအပ်နေသော အိမ်နီးချင်းများကို ကူညီပေးခြင်းကဲ့သို့ မှန်ကန်သင့်တော်သော လုပ်ရပ်များကို မတုံ့မဆိုင်း လုပ်ဆောင်လိုသည့် ၎င်းတို့၏ စိတ်ထားများသည် ပစ္စည်းဥစ္စာကို အလေးဂရုပြု တန်ဖိုးထားလျက်ရှိသော ကျွန်ုပ်တို့၏ ပညာရေးဓလေ့ထုံးစံကို လှုံ့ဆော်တွန်အားပေးခဲ့ပါသည်။ အထက်ပါ ဆောင်ပုဒ်နှစ်ခုကို လက်တွေ့အကောင်အထည်ဖော်ရန် ကျွန်ုပ်တို့၏ စိတ်ပိုင်းဖြတ်မှုအတွက် ပြယုဂ်တစ်ခုအဖြစ် အများပြည်သူအတွက် တာဝန်ထမ်းဆောင်ခြင်း ဟူသော ဆောင်ပုဒ်ကို ကျွန်ုပ်တို့ ချမှတ်ခဲ့ပါသည်။

Cheongju တက္ကသိုလ်၏ ပညာရေးအယူအဆ၊ ရည်မှန်းချက်များနှင့် ပညာရေးဆိုင်ရာ ဦးတည်ရည်ရွယ်ချက်များ၏ ဖွဲ့စည်းပုံစနစ်

CHEONGJU တက္ကသိုလ်၏ ပညာရေးသဘောတရား

အခြေခံဒဿန

ကျွန်ုပ်တို့၏တိုင်းပြည်ကို ပညာဖြင့် ကူညီကာကွယ်ပေးရန

ပညာရေးဆိုင်ရာ ဒဿန

လက်တွေ့ကျသော သင်ယူမှုဖြင့် ခေတ်သစ်တစ်ခုကို ထူထောင်ကြပါမည်၊ လက်တွေ့ကျသော လေ့လာသင်ယူမှုအပေါ် အခြေခံလျက် ယဉ်ကျေးမှုအဆင့်အတန်းမြင့်သော ကမ္ဘာလောကတစ်ခုကို ဖန်တီးကြပါစို့။

ပညာရေးဆိုင်ရာ ဦးတည်ရည်ရွယ်ချက်
  • Seek the Truth as a Creative Explorer
  • Promote Virtues as a Moral Citizen
  • Practice Public Duties as a Practical Volunteer
  • နည်းလမ်းသစ်များဖြင့် စူးစမ်းရှာဖွေသူအဖြစ် အမှန်တရားကို ရှာဖွေပါ ကိုယ်ကျင့်တရားကောင်းမွန်သော ပြည်သူတစ်ဦးအဖြစ် ကောင်းခြင်းတရားကို အားပေးမြှင့်တင်ပါ လက်တွေ့ဘဝတွင် စေတနာ့ဝန်ထမ်းအဖြစ် အများပြည်သူအတွက် တာဝန်ထမ်းဆောင်ခြင်း
ပညာရေးရည်မှန်းချက်များ
  • ကျယ်ပြန့်စုံလင်သော ယဉ်ကျေးမှုနောက်ခံဓလေ့များကို အားပေးမြှင့်တင်ခြင်း
  • ကိုယ်ကျင့်တရား‌ကောင်းမွန်သည့် ဝိသေသကို ဖန်တီးခြင်း
  • လက်တွေ့ကျသော စွမ်းရည်များကို အားပေးမြှင့်တင်ခြင်း
  • ပရော်ဖက်ရှင်နယ် အသိပညာကို တိုးမြှင့်ခြင်း
  • ယဉ်ကျေးမှုဆိုင်ရာ အသိပညာကို မြှင့်တင်ခြင်း
  • လက်တွေ့ကျကျ ဝန်ဆောင်မှုပေးလိုသည့် စိတ်နေစိတ်ထားကို ပိုင်ဆိုင်ခြင်း
  • တီထွင်ဖန်တီးမှုရှိရှိ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းကို အားပေးမြှင့်တင်ခြင်း
  • ဒီမိုကရေစီ နိုင်ငံသားတစ်ဦး ပီသသော စိတ်နေစိတ်ထားကို အားပေးမြှင့်တင်ခြင်း
  • အဖွဲ့အစည်းစိတ်ဓာတ်ကို ပြုစုပျိုးထောင်ခြင်း