Only Student, Only Education

Open the Future, Go to the World

  • HOME
  • CJU အကြောင်း
  • ဥက္ကဌ၏ အမှာစကား

ဥက္ကဌ၏ အမှာစကား

ကိုရီးယားနိုင်ငံ အလယ်ပိုင်းဒေသတွင် ဂုဏ်သိက္ခာအမြင့်မားဆုံးသော တက္ကသိုလ်

ကျွန်ုပ်တို့ကျောင်းသားများ၏
တောက်ပသောအနာဂတ်
မျှော်မှန်းချက်အကြောင်း ပြောလိုပါသည
လက်တွေ့ကျသော လေ့လာသင်ယူမှု၏
ပညာရေးဆိုင်ရာ ဓလေ့နှင့် ထုံမွှမ်းနေသော
အဆင့်အမီဆုံး ကျောင်းပရိဝုဏ်။

Cheongju တက္ကသိုလ်ဥက္ကဌYoon Bae Kim

သမိုင်းကြောင်းဆိုတာဟာ အသစ်အသစ်သော တန်ဖိုးတွေကို ဆက်လက်ဖန်တီးခြင်းပါပဲ။ Hangang မြစ် တောင်ဘက်ပိုင်းဒေသမှာ သက်တမ်းအရင့်ဆုံးသော တက္ကသိုလ်ဖြစ်တဲ့ Cheongju တက္ကသိုလ်ရဲ့ သမိုင်းကြောင်းဟာ နိုင်ငံနဲ့ ဒေသတွင်း လူအဖွဲ့အစည်းအတွင်းမှာ ဆန်းသစ်တဲ့အဓိပ္ပာယ်တွေကို ရှာဖွေတဲ့ ခရီးစဉ်တစ်ခုဖြစ်သလို တန်ဖိုးအသစ်တွေကို ဖန်တီးခြင်းလည်း ဖြစ်ပါတယ်။

ပြည်သူတွေကို ချစ်ခင်မြတ်နိုးခြင်းနဲ့ တိုင်းပြည်ကို ပညာရေးနဲ့ ကယ်တင်မယ်ဆိုတဲ့ ပညာရေးဆိုင်ရာ ဒဿနတို့အပေါ် အခြေပြုပြီး တက္ကသိုလ်ကို တည်ထောင်ထားခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့အတွက် ဂုဏ်ယူဝံ့ကြွား ပျော်ရွှင်စရာဖြစ်တဲ့ ကျောင်းသားဟောင်းတွေဟာ ကမ္ဘာတစ်ဝန်းလုံးမှာ တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်နေကြပြီး ကမ္ဘာ့ရပ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကိုယ်ကို မြှုပ်နှံထားကြပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ရဲ့တက္ကသိုလ်ဟာ အလယ်ပိုင်းဒေသမှာရှိပြီး Seoul မြို့နဲ့ နီးကပ်ပါတယ်၊ ကျောင်းဝင်းဟာလည်း Cheongju မြို့ရဲ့ အလယ်ဗဟိုမှာ တည်ရှိပြီး Cheongju မြို့ကို စီးမိုးကာကွယ်ပေးထားတဲ့ Uamsan တောင်ရဲ့ သဘာဝရှုမျှော်ခင်းနဲ့ ပနံရနေသလို လှပတဲ့ တောအုပ်တစ်ခုကို ဖြစ်ပေါ်စေပါတယ်။

ကမ္ဘာတစ်ဝန်း ထင်ရှားတဲ့တက္ကသိုလ်တွေနဲ့ ပေါင်းကူးတံတားထိုးပြီး ပူးပေါင်းဆောင်ရွက်တဲ့ ကျွန်ုပ်တို့ရဲ့ ပညာရေးထုံးတမ်းစဉ်လာတွေနဲ့ ယဉ်ကျေးမှုဓလေ့တွေကို စောင့်ရှောက်ထိန်းသိမ်းထားခြင်းဟာ သတင်းအချက်အလက်အခြေပြု ခေတ်တစ်ခေတ်ဖြစ်တဲ့ 21 ရာစုမှာ နေထိုင်ကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ပိုပြီးတော့ တန်ဖိုးရှိမှာဖြစ်ပါတယ်။ ချစ်ခင်နှစ်သက်၊ ဂရုစိုက်စောင့်ရှောက်မှုတွေအပြည့်နဲ့ လူ့ပတ်ဝန်းကျင်တစ်ခုဟာ တက္ကသိုလ်တစ်ခုကို ပြုစုပျိုးထောင်ပေးနိုင်ပြီး စိတ်အားထက်သန်၊ ရိုးသားပွင့်လင်းတဲ့ ပညာရေးကို စီမံသင်ကြားပေးခြင်းဖြင့် တက္ကသိုလ်က လူ့ပတ်ဝန်းကျင်ကို တစ်ဖန်မြှင့်တင်ပေးနိုင်မယ်လို့ ကျွန်ုပ် ယုံကြည်ပါတယ်။

Cheonju တက္ကသိုလ်အဖွဲ့သားတွေဟာ ကျွန်ုပ်တို့ရဲ့ စိမ်းလန်းတဲ့ တောအုပ်နဲ့ အဆင့်မြင့်သိပ္ပံပညာ၊ ရိုးရာထုံးတမ်းနဲ့ ကမ္ဘာ့ယဉ်ကျေးမှုတို့ သဟဇာတဖြစ်စွာ တည်ရှိနေရာ Uam ကျောင်းပရိဝုဏ်အတွင်း ကျောင်းသားငယ်တွေအတွက် အနာဂတ်တစ်ခု ဖန်တီးပေးနိုင်ဖို့ အကောင်းဆုံး ကြိုးပမ်းရွက်ဆောင်နေမှာဖြစ်ပါတယ်။